သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအိမ်ထောင်စုစာရင်း UNHCR စတင်ကောက်ခံ


ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းများ။
ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းများ။

ရခိုင်ပြည်နယ် မြောက်ပိုင်းက တကျော့ပြန်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာကြတဲ့ အိမ်ထောင်စုတွေကို ပထမအသုတ်အဖြစ်နဲ့ စတင်စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ အသစ်ရောက်ရှိလာသူ ဒုက္ခသည်အရေအတွက်ဟာ ၅၃၆,၀၀၀ ရှိနေပြီ ဖြစ်ကြောင်းလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကြီးတခုအဖြစ် ဖန်တီးဖို့ အရှိန်မြှင့်ဆောင်ရွက်နေကြတာပ။ စီစဉ်နေပါတယ်။ စခန်းသစ်ဟာ ယာယီသာ ဖြစ်ပြီး စခန်းထဲနေထိုင်သူတွေကို အပြင်ထွက်ခွင့်ပေးမှာ မဟုတ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်အစိုးရ အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။ အရင်ရှိနှင့်ပြီးသား ဒုက္ခသည်တွေနဲ့ နောက်ထပ်ရောက်လာသူ စုစုပေါင်းဟာ ၈ သိန်းလောက် ရှိတယ်လို့လည်း ခန့်မှန်းထားကြပြီး၊ ထက်ဝက်ကျော်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှု ခံခဲ့ရတဲ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ထွက်လာတာ ဖြစ်ပြီး ဒါဟာ လူမျိုးတုန်းလုပ်ဆောင်မှု အဖြစ် ကုလသမဂ္ဂက စွပ်စွဲခဲ့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီး Mohammed Abul Kalam ကတော့ မြန်မာနိုင်ငံ နယ်စပ်နားက Kutupalang နဲ့ Balukhali ဒုက္ခသည် စခန်း ၂ ခု မှာ ကာလကြာရှည်စွာ ပြန့်ကျဲနေထိုင်တဲ့ ဒုက္ခသည်တွေကို Ukhia ဒေသက ဟက်တာ တထောင်ကျော် ကျယ်ဝန်းတဲ့ နေရာမှာ နေရာချထားပေးဖို့ ဦးစားပေး လုပ်ဆောင်နေကြောင်း ဒီသီတင်းပတ်ထဲမှာပဲ VOA ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအိမ်ထောင်စုစာရင်း UNHCR စတင်ကောက်ခံ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG