သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဆောင်ရွက်ဖို့ ပါကစ္စတန်ကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် Balukhali ဒုက္ခသည်စခန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် Balukhali ဒုက္ခသည်စခန်း

ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံရေး နိုင်ငံတကာ အသိုင်းအဝိုင်းကို ဝိုင်းဝန်းပြောဆိုတဲ့ နိုင်ငံတကာ အစီအစဉ်မှာ ပါဝင် လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်က ပါကစ္စတန်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

ပါကစ္စတန်ဝန်ကြီး Shaid Khaqan Abbasi နဲ့ အစ္စလာမ်မာဘတ် မြို့မှာ အင်္ဂါနေ့က တွေ့ဆုံစဉ် ပါကစ္စတန်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Tarik Ahsan က အဲဒီလို မေတ္တာရပ်ခံလိုက်တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သံရုံးက ကြေညာချက် ထုတ်ပြန် ပါတယ်။

မြန်မာနိုင်ငံကနေ အဓမ္မတ နေရပ်ရွေ့ပြောင်းခံရသူတွေ သူတို့ အိမ်တွေကို ဘေးကင်း လုံခြုံစွာ အမြန်ဆုံး ပြန်သွားနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းဝိုင်းနဲ့အတူ မြန်မာအစိုးရကို ဝိုင်းဝန်း ဖိအားပေးဖို့အတွက် သံအမတ်ကြီးက ဝန်ကြီးချုပ်ကို မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်က ဒုက္ခသည်ပေါင်း ၅ သိန်းကျော် အလုံးအရင်းနဲ့ ဝင်ရောက်လာတာကို လက်ခံပေးထားပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းနေတဲ့အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ဝန်ကြီးချုပ် Abbasi က ချီးကျူး ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့လည်း နိုင်ငံသားတွေကို အကာကွယ်ပေးရေးအတွက် လိုအပ်တဲ့ တာဝန်ယူမှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ် Abbasi က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စာနာမှုဆိုင်ရာ အခက်အခဲတွေအတွက် ဘင်္ဂလားဒေ့ရှ်နဲ့အတူ သွေးစည်း ညီညွတ်စွာ ရပ်တည်ပေးတဲ့အတွက် ဝန်ကြီးချုပ် Abbasi ကို ကျေးဇူးတင်ကြောင်း သံအမတ်ကြီး Tarik Ahsan က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG