သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုးဝင်လာသူ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၃၀ ကျော် မြန်မာလွတ်ငြိမ်းချမ်းသာခွင့်ပေး


သမ္မတဦးထင်ကျော်ရဲ့ မေလ ၂၅ ရက် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်လွတ်မြောက်လာကြတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၃၀ ကျော် နေရပ် စတင်ပြန်နေကြပါပြီ။ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့လို့ထောင်ကျနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၃၃ ယောက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တာပါ။

ဇန်နဝါရီ လတုန်းက မြန်မာ့ရေပိုင်နက်ထဲ ရောက်လာတဲ့ ငါးဖမ်းလှေပေါ်ကဖမ်းခံခဲ့ရသူ ငါးဖမ်းသမား ၉ ယောက်နေရပ်ပြန်နိုင်ဖို့ သံတွဲကနေ ရန်ကုန်ကို ဇွန် လ ၁၂ ရက်နေ့က ပို့ဆောင်ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်သံရုံးကပြောပါတယ်။ တနင်္သာရီအကျဉ်းထောင်ကလွတ်လာသူ ပထမတသုတ်ထဲက အမျိုးသား ၅ ယောက်ကတော့ ဇွန် လ ၇ ရက်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံကို ပြန်သွားပြီလို့ သံရုံးကပြောပါတယ်။

နောက်ထပ် ၁၉ ယောက်ကိုတော့ ဘင်္ဂလားဒေရှ့် မြန်မာနယ်စပ်ဂိတ်ကနေ ဇွန် လ ၁၅ ရက်နေ့ကျရင် ပြန်ပို့မယ်လို့ မဇ္ဈိမသတင်းထဲမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေရှ့်ရေပိုင်နက်ထဲ ရောက်သွားလို့ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာငါးဖမ်းသမား ၉၂ ယောက်ကိုလည်း ဘင်္ဂလားဒေရှ့်နိုင်ငံက ပြီးခဲ့တဲ့နှစ်ကအလားတူ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး သူတို့ကို ၂၀၁၆ ဒီဇင်ဘာလက မြန်မာနိုင်ငံပြန်ပို့ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG