သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေးအမြန်ဆုံးဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို


ရိုဟင်ဂျာအရေးအမြန်ဆုံးဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို
ရိုဟင်ဂျာအရေးအမြန်ဆုံးဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေး နည်းလမ်းရှာ ဆောင်ရွက်ပေးရေး အတွက် တာဝန် ပြီးဆုံးလို့ မြန်မာနိုင်ငံကို ပြန်သွားတော့မယ့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကတဆင့် ဝန်ကြီးချုပ် Sheikh Hasina က တနင်္လာနေ့မှာ မြန်မာအစိုးရကို သတင်းစကား ပါးလိုက်တယ်လို့ ဘင်္ဂလားဒေ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို ဖြေရှင်းနိုင်ရေးအတွက် အတူတကွ နည်းလမ်း ရှာဖွေကြဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တာနဲ့အညီ ဒီပြဿနာကို ဆွေးနွေး ညှိနှိုင်း အဖြေရှာတဲ့နည်းနဲ့ ဖြေရှင်းလိုကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပြောကြားတာကို ကိုးကား ဖော်ပြထားပါတယ်။ ဒါ့အပြင် အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်ရေးအတွက်လည်း ဝန်ကြီးချုပ်က အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူမှုရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားပေးမှုတွေ ဖြစ်ပေါ်စေတယ် ဆိုတာကို မြန်မာသံအမတ်ကို ထပ်လောင်း ပြောကြားခဲ့တယ်လို့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ Ihsanul Karim က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့လည်း ရိုဟင်ဂျာ အရေးကိစ္စ ပြေလည်ဖို့ လိုလားကြောင်း၊ ကိုဖီ အာာနန်း ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ရဲ့ အကြံပြု တင်ပြချက်တချို့ဟာ အကောင်အထည်ဖော်ဖို့ ခက်ခဲပေမယ့်လည်း ဒီကိစ္စ ပြေလည်ရေးအတွက် အတတ်နိုင်ဆုံး အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက် လည်ပတ်ဖို့အတွက်လည်း ဝန်ကြီးချုပ် Sheikh Hasina က ထပ်မံ ဖိတ်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG