သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ မြန်မာနိုင်ငံ ရခိုင်ဘက်က ထွက်ပြေးလာတယ်လို့ ပြောတဲ့ ရိုဟင်ဂျာ မူစလင်လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကို သိရအောင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သန်းကောင်စာရင်း စပြီး ကောက်ယူနေပါပြီ။ Cox’s Bazar ဒေသမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူဘယ်လောက် ရှိတယ်ဆိုတာကို သိရအောင် ကောက်ယူနေတာ ဖြစ်ပြီး ဒါဟာ လူမနေတဲ့ ကျွန်းကို ရွှေ့ပြောင်းပေးဖို့ လုပ်ဆောင်မှုရဲ့ အစိတ်အပိုင်းတခုလို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။

အစပိုင်းမှာတော့ ဒုက္ခသည် စခန်းတွေအထဲမှာရော အပြင်မှာပါ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား မိသားစုစာရင်းကို ပထမဆုံး ကောက်ယူမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အားလုံးစုစုပေါင်း ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို သိရဖို့ စာရင်းကောက်မှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သန်းကောင် စာရင်းဌာန အရာရှိ Wahidur Rahman က AFP သတင်းဌာနကို ပြောပါတယ်။

ရိုဟင်ဂျာတွေကို ဘင်္ဂလားပင်လယ်အော်ထဲက Thengar Char ကျွန်းကို ပို့ပေးမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရ အစီအစီအစဉ်အတွက် အခုလို သန်းခေါင်စာရင်းကောက်ယူတာလို့လည်း ပြောပါတယ်။

အခုလို သန်းကောင်စာရင်း ကောက်ယူမှုဟာ အနဲဆုံး ၃ လလောက် ကြာမြင့်နိုင်ပြီး ဒါဟာ အစိုးရက သူတို့ကို ရွှေ့ပြောင်းပေးရာမှာ အကျိုး ရှိစေဖို့ရည်ရွယ် တယ်လို့လည်း Cox's Bazar က စီမံခန့်ခွဲရေးမှူး Ali Hossain ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ၄ သိန်းလောက် နေထိုင်မယ်လို့ အစိုးရက ခန့်မှန်းထားပြီး အဲဒီထဲက ၇ သောင်း ၃ ထောင်လောက်ဟာ မနှစ်က အောက်တိုဘာ အရေးအခင်း နောက်ပြီး ထွက်ပြေးလာကြသူတွေ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

အခုလို ရွှေ့ပြောင်းနေရာချ ပေးမယ့် ကျွန်းဟာ ရေကြီးတဲ့ အန္တရာယ် ကျရောက်လေ့ရှိတဲ့ နေရာ ဖြစ်ပြီး ရေကြီးချိန်မှာ တကျွန်းလုံး ရေမြုပ်နေတတ်တာမို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ရွှေ့ပြောင်းရေးအစီအစဉ်ကို လူ့အခွင့်ရေးအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG