သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်နိုင်ငံတွေမှာ ရိုဟင်ဂျာတွေ အခြေချခွင့်ရရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို ကုလတိုက်တွန်း


ဘင်္ဂလားဒေ့ရှ် ကော့ဘဇားကိုရောက်ရှိခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။
ဘင်္ဂလားဒေ့ရှ် ကော့ဘဇားကိုရောက်ရှိခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာမွတ်စလင် ၁၀၀၀ ပတ်ဝန်းကျင်ကို အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံတချို့မှာ ရွှေ့ပြောင်း အခြေစိုက်ပေးရေး စေ့စပ် ညှိနှိုင်းခွင့်ပြုဖို့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR က ဘင်္ဂလားဒေ့ရှ်အစိုးရကို ပန်ကြာထားတယ်လို့ UNHCR အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတယ်လို့ဆိုတဲ့ ရိုဟင်ဂျာမွတ်စလင် ထောင်ပေါင်းများစွာ ရှိနေတယ်ဆိုတာ ကုလသမဂ္ဂက ပြော ထားပါတယ်။ အဲဒီလူတွေထဲက အကူအညီ အလိုအပ်ဆုံးသူတွေကို တတိယနိုင်ငံမှာ ရွှေ့ပြောင်းအခြေစိုက်ဖို့ UNHCR က တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ UNHCR ကိုယ်စားလှယ် Shinji Kubo က ရိုက်တာသတင်းဌာနကို ကြာသပတေးနေ့ကပြောပါတယ်။

အထူးသဖြင့် သမ္မတ Donald Trump လက်ထက် အမေရိကန်နိုင်ငံနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံ တချို့မှာ ဒုက္ခသည်တွေကို လက်မခံချင်တဲ့သဘောထားတွေ ပိုများလာနေတဲ့ကြားမှာပဲ အခုလိုလုပ်သွားဖို့ရှိနေတာပါ။

အမေရိကန်ပြည်ထောင်စုအပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ UNHCR က ဆက်ပြီး လက်တွဲလုပ်သွားပါမယ်၊ အစိုးရ ဒါမှ မဟုတ် အစိုးရမူဝါဒတွေမှာ ဘယ်လိုပဲ အပြောင်းအလဲရှိပါစေ အကာအကွယ်ပေးရေးကို ဦးတည်စဉ်းစားတဲ့ ရွှေ့ပြောင်းအခြေစိုက် အစီအစဉ်ကို ဆက်လုပ်ဖို့ UNHCR မှာ ရှင်းလင်းတဲ့တာဝန်ရှိတယ်လို့ ကျနော်ထင်ပါတယ်ဆိုပြီး မစ္စတာ Kubo က ပြောပါတယ်။

ဆေးကုသမှုခံယူဖို့လိုအပ်နေတဲ့ ဒါမှမဟုတ် ပြည်ပမှာရောက်နေတဲ့ မိသားစုဝင်တွေနဲ့ ကွဲကွာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ လောက်ကို ရွှေ့ပြောင်းအခြေစိုက်ရေး ဦးစားပေးလုပ်ဖို့ သတ်မှတ်ထားပြီးပြီလို့ Kubo ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG