သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ တရုတ်- ရုရှား ကူညီရေး ဟာဆီနာ ပန်ကြား


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ (နိုဝင်ဘာ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ (နိုဝင်ဘာ ၂၀၁၆)

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ က ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ တရုတ်နိုင်ငံတွေအနေနဲ့လည်း ကူညီဖြေရှင်းပေးကြဖို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို စာရေးသားပေးပို့သွားမှာကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံက သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာရီယာအာလမ်က ဝန်ကြီးချုပ် ဟာဆီနာရဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ ဒီစာကို ယူဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အလမ်ဟာ ဝန်ကြီးချုပ် ဟာဆီနာ ရဲ့ အမိန့်နဲ့ ရုရှားနိုင်ငံကို အောက်တိုဘာ ၁၅ ရက်နေ့မှာ ၃ ရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။ အဲဒီနောက်တော့ သူဟာ တရုတ်နိုင်ငံကိုခရီးဆက်မှာြဖ်စါတယ်။

ဒီခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး၊ တရုတ် နဲ့ ရုရှားနိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုတွေရအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ ပြန်လည်နေရာချထားဖို့အတွက် တရုတ်နဲ့ ရုရှားနိုင်ငံတို့ ထောက်ခံမှုကို ရရှိသွားဖို့ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ရုရှားနိုင်ငံတွေရဲ့မိတ်ဆွေနိုင်ငံတွေဖြစ်တာနဲ့အမျှ၊ အဲဒီနိုင်ငံတွေအနေနဲ့လည်း ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကို စည်းရုံးနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ယူဆနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG