သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင်ညစ်နွမ်းမှုကြောင့် လူတွေအများဆုံးသေဆုံး


ကမ္ဘာပေါ်မှာ လူတွေကို အများဆုံးသေဆုံးစေတဲ့ အကြောင်းရင်းတခုဟာ သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှုဖြစ်ပြီး စစ်ပွဲတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ သဘာဝဘေး အန္တရာယ်တွေ စီးကရက်သောက်မှုနဲ့ ရောဂါကြောင့်သေဆုံးရသူ အရေအတွက်ထက် ပိုများတဲ့သူတွေကို အရွယ်မတိုင်မှီ သေဆုံးစေခဲ့တယ်လို့ လေ့လာဆန်းစစ်မှုတရပ်က ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံထုတ် Lancet ဆေးပညာဂျာနယ်ရဲ့ လေ့လာချက်အရ အိမ်တွင်းအိမ်ပြင် နှစ်ခုစလုံးမှာ ညစ်နွမ်းမှုတွေကြောင့် ၂၀၁၅ အတွင်း သေဆုံးရသူပေါင်း ၉ သန်းခန့် ရှိခဲ့တယ်လို့ ဆိုပါတယ်။ တနည်းပြောရရင် သေဆုံးသွားသူ ၆ ယောက်အနက် ၁ ယောက်ဟာ ညစ်နွမ်းမှုကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ရိုးပြတ်တွေ လောင်ကျွမ်းရာက ထွက်လာတဲ့ မီးခိုးအဆိပ်ငွေ့ဟာ မြို့တော်အထိ ရောက်ရှိပြီး လူနေအိမ်ခြေ သန်းပေါင်းများစွာအထိ ပြန့်နှံ့ခဲ့ပါတယ်။

နယူးဒေလီမြို့ဟာ ကမ္ဘာပေါ်မှာ အညစ်နွမ်းဆုံး မြို့များစာရင်းထဲမှာ ထိပ်ဆုံးက ရှိနေ ပါတယ်။

ဒီညစ်နွမ်းမှုဟာ အသက်ရှင်ပိုင်ခွင့်၊ ကျန်းမာရေး၊ သာယာဝပြောရေး၊ လုပ်ငန်းခွင် လုံခြုံရေး၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး စတဲ့ အခြေခံ လူ့အခွင့်အရေး တွေကို ခြိမ်းခြောက်နေတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟေတီ၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနဲ့ တောင်ဆူဒန်တို့ဟာ ညစ်နွမ်းမှုဒဏ်ကို အခံရဆုံးတိုင်းပြည်တွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG