သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီဗုံးပေါက်ကွဲမှု သေဆုံးသူ ၄၀၀ နီးပါးအထိ တိုးလာ


၀မ်းနည်းခြင်းအထိမ်းအမှတ် လာရောက်ဆုတောင်းသူများ (အောက်တိုဘာ ၂၀၁၇)
၀မ်းနည်းခြင်းအထိမ်းအမှတ် လာရောက်ဆုတောင်းသူများ (အောက်တိုဘာ ၂၀၁၇)

ဆိုမာလီယာနိုင်ငံမှာ ပြီးခဲ့တဲ့စနေနေ့က လူတွေအများအပြားသေဆုံးခဲ့ရတဲ့ ကားဗုံးပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တဲ့နေရာမှာ သောကြာနေ့က ဆိုမာလီနိုင်ငံသားတွေ ထောင်နဲ့ချီ စုဝေးပြီး ဆုတောင်းပွဲလုပ်ခဲ့ကြပါတယ်။ မြို့တော် မိုဂါဒစ်ရှူးက လူအသွားအလာရှုပ်ထွေးတဲ့ လမ်းမတခုပေါ်မှာ ဖြစ်ခဲ့တဲ့ ဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် အခုဆိုရင် သေဆုံးသူဦးရေဟာ ၃၅၈ ယောက်အထိ ရှိသွားပါပြီ။

တစ်ချိန်တည်းမှာပဲ ဒီဖောက်ခွဲမှုရဲ့ တရားခံလို့ အစိုးရက အပြစ်တင်ထားတဲ့ al-Shabab အစွန်းရောက်တွေကို ဆိုမာလီယာသမ္မတက စစ်ကြေညာမယ့်အကြောင်း ဆိုမာလီယာဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ဒီနေ့စနေနေ့မှာ သမ္မတ Mohamed Abdullahi Mohamed ကြေညာမယ်လို့ မျှော်လင့်ရကြောင်း AP သတင်းဌာနက ဆိုထားပါတယ်။ မိုဂါဒစ်ရှူးတိုက်ခိုက်မှုအတွက် al-Shabab စစ်သားတွေ စီစဉ်ခဲ့တဲ့ သူတို့ရဲ့ ခြေကုပ်ယူထားရာ Shabelle အောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက al-Shabab စစ်သားတွေကို တိုက်ထုတ်ဖို့ ထောင်နဲ့ချီတဲ့ စစ်သည်တွေပါဝင်တဲ့ ထိုးစစ်အသစ်ကို ဆောင်ရွက်သွားမယ့်အကြောင်း စစ်တပ်ပြောခွင့်ရ Captain Abdullahi Iman က AP သတင်းဌာနကို ပြောဆိုထားပါတယ်။ ဖောက်ခွဲမှုအတွက် သံသယရှိသူတချို့ကို ဖမ်းဆီးစုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

ဆိုမာလီဗုံးပေါက်ကွဲမှု သေဆုံးသူ ၄၀၀ နီးပါးအထိ တိုးလာ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG