သုံးရလွယ်ကူစေသည့် Link များ

တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အတူတကွ ရေတပ်လေ့ကျင့်ရေးပြုလုပ်မယ့်ကိစ္စဟာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုကို လျော့ပါးသွားစေနိုင်လိမ့်မယ်လို့ ဒေသဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ ပြိုင်ဘက်တွေအချင်းချင်းတွေ တွေ့ဆုံပြီး အကျိုးတူကိစ္စတွေအတွက် အတူတကွ လုပ်ကိုင်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက သင်္ဘောတွေနဲ့ အာဆီယံ ၁၀နိုင်ငံက သင်္ဘောတွေ ပထမဆုံးအကြိမ် ရေတပ်လေ့ကျင့်ရေး ပြုလုပ်မယ့်အစီအစဉ်အတွက် စင်ကာပူ ကာကွယ်ရေးဝန်ကြီးနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့က တနင်္လာနေ့တုန်းက တွေ့ဆုံခဲ့ကြတာပါ။ ဒီကိစ္စမှာ အာဆီယံအဖွဲ့ကို စင်ကာပူက ခေါင်းဆောင်မယ်လို့ စင်ကာပူကာကွယ်ရေးဝန်ကြီးဌာန ဝဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

ရေထွက်ပစ္စည်းနဲ့ လောင်စာသိုက်တွေ ပေါကြွယ်တဲ့ စတုရန်းကီလိုမီတာ ၃.၅သန်း ကျယ်တဲ့ ဒီတောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်နိုင်ငံက ကမ်းစောင့်တပ်တွေနဲ့ စစ်တပ်တွေ တိုးချဲ့တာအတွက် ဘရူနိုင်း မလေးရှား ဗီယက်နမ်နဲ့ ဖိလစ်ပိုင်စတဲ့ အရှေ့တောင်အာရှနိုင်ငံ ၄ခုက ဒေါသထွက်ခဲ့တာပါ။

ဒီလေ့ကျင့်ခန်းဟာ ပင်လယ်ဓားပြ အန္တရာယ်ကို ဟန့်တားဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ဦးတည်မယ်ဆိုရင် ကြိုဆိုရမှာဖြစ်တယ်လို့ စင်ကာပူတက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးပညာရှင်ကပြောပါတယ်။

XS
SM
MD
LG