သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့အာဆီယံကြားကုန်သွယ်ရေး အရှိန်အဟုန်ကောင်းမွန်


ကမ္ဘာ့စီးပွားရေး ကျခဲ့ပေမယ့် တရုတ်နဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြား ကုန်သွယ်ရေးကတော့ အရှိန်အဟုန်နဲ့ ကြီးထွားနေတယ်လို့ တရုတ်ဘက်က ပြောဆိုလိုက်ပါတယ်။

တရုတ်နဲ့ အာဆီယံ ကုန်သွယ်ရေးက ဒီနှစ် ၂၀၁၇ ခုနှစ် ပထမ ၅ လတာ အတွင်း ၁၆ ဒသမ ၂ ရာခိုင်နှုန်း ကြီးထွားလာခဲ့တယ်လို့ တရုတ်ဘက်က ပြောတာပါ။ တရုတ်ဘက်က အာဆီယံ နိုင်ငံတွေကို တင်ပို့မှုက ဒေါ်လာ ၁၀၈ ဒသမ ၈၆ ဘီလီယံ ရှိခဲ့ပြီး အာဆီယံ နိုင်ငံတွေဘက်ကနေ ဒေါ်လာ ၈၆ ဒသမ ၈ ဘီလီယံဖိုး တရုတ်က ပြန်လည် တင်သွင်း ခဲ့တယ်လို့လည်း တရုတ် ဒုတိယ စီးပွားရေး ဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စာရင်းဇယားတွေ အရ ဆိုရင်လည်း တရုတ်နဲ့ အာဆီယံရဲ့ ကုန်သွယ်ရေးက တိုးတက်ခဲ့ပါတယ်။ပြီခဲ့တဲ့ ၂၀၁၆ ခုနှစ်က တရုတ်နဲ့ အာဆီယံကြား ကုန်သွယ်ရေးက ဒေါ်လာ ၄၅၂ ဒသမ ၂ ဘီလီယံ ရှိခဲ့ပြီး တရုတ်ရဲ့ နိုင်ငံခြားကုန်သွယ်မှုရဲ့ အစိတ်အပိုင်းကြီး တခုလည်း ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် အဖြစ် ရပ်တည်နေဆဲပါ။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကတော့ တရုတ်နိုင်ငံကို အရင်းအမြစ်တွေ တင်ပို့နေတဲ့ ဒုတိယမြောက် အကြီးဆုံး အင်အားစုကြီး ဖြစ်တယ်လို့လည်း တရုတ် ဒုတိယ စီးပွားရေး ဝန်ကြီးက ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG