သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ကျိုးကြည့်ဝါဒကြောင့် အာရှစီးပွားရေးတိုးတက်မှုထိခိုက်နိုင်


ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။ ဒီဇင်ဘာ ၈၊ ၂၀၁၅။
ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။ ဒီဇင်ဘာ ၈၊ ၂၀၁၅။

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ကြီးထွားလာနေတာကြောင့် ကောင်းမွန်တဲ့အလာအလာရှိတယ်လို့ ခန့်မှန်းထားကြတဲ့ အာရှတိုက်ရဲ့ စီးပွားရေး အလားအလာ သိသာတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ရနိုင်တယ်လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့်တော့ အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအပေါ် အမေရိကန်က ထားရှိတဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင် - UNESCAP က ကောက်ခံခဲ့တဲ့ စစ်တမ်းအရ ကမ္ဘာ့ ကုန်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၃၀% နှုန်း ရှိတဲ့ အာရှတိုက်ရဲ့ စီးပွားရေး အခြေအနေဟာ အများအားဖြင့် ကောင်းမွန်ကြောင်း ဖော်ပြထားပါတယ်။ ဒီအတိုင်း ဆက်ရှိသွားမယ်ဆိုရင်တော့ ၂၀၁၅၀ မှာ ၅၀% အထိ ရှိလာမယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ပြည်ပို့ကုန်အပေါ် နှစ်ပေါင်း ၇၀ လောက် အခြေခံပြီး အမေရိကန်နဲ့ ဥရောပတိုက်တွေက ဈေးကွက်တွေကို တင်ပို့ခဲ့တဲ့ အာရှတိုက်ရဲ့ စီးပွားရေး အစီအစဉ်တွေကြောင့် ဒေသတွင်းမှာ သန်းပေါင်းများစွာသော ပြည်သူတွေကို ဆင်းရဲတွင်းကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း မကြာသေးခင် နှစ်တွေအတွင်းမှာတော့ ပြည်ပက ဝယ်ယူလိုအား ကျဆင်းလာမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အခြေအနေတွေကြောင့် ပြည်တွင်း ဝယ်ယူ သုံးစွဲမှုတွေအပေါ် စီးပွားရေးအရ မှီခို အားထားလာနေရတယ်လို့ ကုလသမဂ္ဂ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အာရှ ဒေသတခုလုံးအတွက် စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာဟာ ၅% ရှိနိုင်ပြီး ဒေသတွင်း စီးပွားရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ၂၀၁၇ ခုနှစ်အတွက် ခန့်မှန်းချက်ကတော့ ၆.၅% နဲ့ အိန္ဒိယနိုင်ငံကတော့ ၇.၁% အသီးသီး ရှိကြမယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG