သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘင်္ဂလားဒေ့ရှ် ရောက် ရဟန်းမင်းကြီး ခေါ်ဝေါ်ခြင်းမရှိ


ဘင်္ဂလားဒေ့ရှ်ရောက် ပုပ်ရဟန်းမင်းကြီး။ (နိုဝင်ဘာ ၃၀-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်ရောက် ပုပ်ရဟန်းမင်းကြီး။ (နိုဝင်ဘာ ၃၀-၂၀၁၇)

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က ချီးကျူးပြောဆိုပါတယ်။ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြာသပတေးနေ့မှာ ရောက်သွားပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီး က အဲဒီလို မိန့်ကြားပြောဆိုတာပါ။

“မကြာသေးခင်လတွေအတွင်း ဘင်္ဂလားဒေ့ရှ် လူ့အဖွဲ့အစည်းရဲ့ ထူးခြားတဲ့ အမှတ်သင်္ကေတတခုဖြစ်တဲ့ ရက်ရော ကူညီမှုနဲ့ သွေးစည်းညီညွတ်မှုတို့ကို ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသားစာနာမှုအကူအညီ ပေးတာမှာ အထင်အရှား တွေ့ထားရပါတယ်။ ဒုက္ခသည်တွေကို ယာယီ နေထိုင်ဖို့နေရာနဲ့ ဘဝအတွက် အခြေခံလိုအပ်ချက်တွေကို ထောက်ပံ့ပေးထားပါတယ်။” လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က မိန့်သွားပါတယ်။

အခု ဘင်္ဂလားဒေ့ရှ်မှာပြောတဲ့ မိန့်ကြားချက်ထဲမှာလဲ မြန်မာပြည်ခရီးစဉ်အတွင်း မိန့်ကြားခဲ့တာတွေလိုပဲ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို ပုပ်ရဟန်းမင်းကြီးက သုံးနှုန်း ပြောဆိုသွားတာမရှိပါဘူး။ အဲဒီအစား ရခိုင်ပြည်နယ်က ဒုက္ခသည်တွေလို့ပဲ သုံးနှုန်း မိန့်ကြားသွားတာပါ။ ဒုက္ခသည်အကျပ်အတည်းကို ရင်ဆိုင်တာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရုပ်ဝတ္ထုပစ္စည်းအကူအညီတွေ ချက်ခြင်း ပေးအပ်ဖို့လဲ ပုပ်ရဟန်းမင်းက နိုင်ငံတကာကို တောင်းဆိုသွားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ပုပ်ရဟန်းမင်းက သုံးနှုန်းပြောဆိုသွားတာ မရှိပေမဲ့လဲ မြန်မာနိုင်ငံမှာတုန်းက မိန့်ကြားခဲ့တဲ့ တရား မျှတမှု၊ လူ့အခွင့်အရေးနဲ့ လေးစားသမှုရှိကြဖို့ ပုပ်ရဟန်းမင်းရဲ့ နှိုးဆော်ချက်ဟာ ရိုဟင်ဂျာတွေနဲ့လဲ အကျုံးဝင်တယ်လို့ မြင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG