အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်အတွင်း ခရီးသည်ပို့ဆောင်ပေးနေတဲ့ အမြန်ရထားတစ်စီး မနေ့က လမ်းချော်သွားပြီး အမြန်လမ်းမပေါ်ကျော်ကျတိမ်းမှောက်သွားခဲ့ပါတယ်။ အနည်းဆုံး လူ ၃ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိသွားပါတယ်။ အပြည့်အစုံကိုတော့ ညနေ ၇နာရီ ဗွီအိုအေ နေ့စဉ်တီဗွီသတင်းလွှာအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။