သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပတောင်းဒေသခံ ဒေါ်ခင်ဝင်းသေဆုံးမှု ၃ နှစ်ပြည့်ပေမယ့် အမှုမှန်မပေါ်သေး


အဓိကရုဏ်းထိန်းရဲနဲ့ ဆန္ဒပြ လက်ပတောင်းဒေသခံ (သတင်းဓာတ်ပုံ - ဒေသခံ)
အဓိကရုဏ်းထိန်းရဲနဲ့ ဆန္ဒပြ လက်ပတောင်းဒေသခံ (သတင်းဓာတ်ပုံ - ဒေသခံ)

လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ရင်းသေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့ရတဲ့ လယ်သူမကြီးဒေါ်ခင်ဝင်းသေဆုံးမူဟာ ဒီဇင်ဘာလ၂၂ ရက်မှာ ၃ နှစ် ပြည့်ပြီဖြစ်ပေမယ့် အမူမှန်မပေါ်သေးပါဘူး။ ဒါ့အပြင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို မလိုက်နာဘဲ စီမံကိန်းဆက်လုပ်နေတဲ့ ကုမဏီတွေကိုအရေးယူပေးဖို့တွေအတွက် ဒေသခံ ၁၀၀ လောက်က ဆန္ဒပြခဲ့ကြတာမှာ လက်နက်ကိုင ်ရဲအင်အားနဲ့ တားဆီးခဲ့ပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ဆက်ပြီးတင်ပြပါမယ်။


စစ်ကိုင်းတိုင် းယင်းမာပင်ခရိုင် ဆားလင်းကြီးမြိုနယ်ထဲက လက်ပတောင်းတောင် ကြေးနီးစီမံကိန်းကြောင့် ဒေသခံတွေရဲ့လယ်ယာမြေသိမ်းခံရတာတွေကို ကန့်ကွက်ရင်းနဲ့ ဒေသခံတောင်သူ ဒေါ်ခင်ဝင်းဟာ ၂၀၁၄ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်က သေဆုံးခဲ့တာပါ။ အခု ၃ နှစ် ကြာလာပြီဖြစ်ပေမဲ့ အမူမှန်ပေါ်ပေါက်တာမရှိသေးသလို လက်ပတောင်းကြေးနီးစီမံကိန်းနဲ့ ပတ်သက်လို့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမူမရှိသေးဘူးဆိုပြီး ဒေသခံတွေက မြန်မာဝမ်းပေါင ်ကုမဏီရှေ့ကိုသွားရောက်ပြီး ဆန္ဒပြခဲ့တယ်လို့ဦးဆောင်သူဒေသခံတောင်သူတဦးက ပြောပြပါတယ်။


"ဒေါ်ခင်ဝင်းကိုသေနတ်နဲ့ပစ်သတ်တဲ့ လူသတ်တရားခံအမြန်ဆုံးဖော်ထုတ်အရေးယူပေးရေး စုံကော်အစီရင်ခံကိုလေးစားလိုက်နာမူမရှိတဲ့ ကြေးနီစီမံကိန်းကိုအမြန်ဆံုံးတရားဥပဒေအရ တရားစွဲဆိုပေးရေး နောက်တချက် အစားထိုးမြေဧက ၁၉၀၀ကိုအမြန်ဆုံဖော်ဆောင်ပေးရေး အဲဒီ ၃ချက်နဲ့ ဆန္ဒထုတ်ဖော်ပါတယ်"


လက်ပတောင်းတောင် ကြေးနီစီမံကိန်းကိုဒေသခံတွေက ကန့်ကွက်ရင်းနဲ့ လယ်သူမကြီး ဒေါ်ခင်ဝင်းသေဆုံးခဲ့တာပါ။ ဒီအမူနဲပတ်သက်လို့ မိသားစုဝင်တွေက ရှေ့နေတွေရဲ့အကူညီနဲ့ တရားစွဲဆိုခဲ့ပေမယ့်၂၀၁၅ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ အထက်အာဏာပိုင်တွေရဲ့ အမိန့်အရဆိုပြီး အမူပိတ်ခံရပါတယ်။
ဒီနေ့ဒေသခံတွေ ဆန္ဒထုတ်ဖော်တဲ့အပေါ် မြန်မာဝမ်ပေါင်ကုမဏီထဲက တာဝန်ရှိသူတွေကတော့ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့ခြင်းမရှိဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။


"အမတို့ ဆန္ဒပြတော့တာဝန်ရှိသူတွေက တယောက်မှ ထွက်မလာပါ ဘူး လုံခြုံရေးရဲတွေကပဲတားဆီးတယ် လုံခြုံရေးရဲတွေက ၂တန်တားဆီးတယ် ပထမတကန့်က ဒိုင်းကာနဲ့ တုတ်လေးတွေကိုင်ပြီး တားဆီးတယ် နောက်တကန့်က လက်နက်နဲ့ချိန်ပြိးတားဆီးတယ် မည်သူတဦးတယောက်မှာတာဝန်ရှိသူတွေလာတွေ့ဆုံတာမရှိပါဘူး"


ဒီကိစ္စနဲပတ်သက်လို့ မြန်မာဝမ်းပေါင်ကုမဏီက တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲံ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒေသခံတွေဟာ ကြေးနီစီမံကိန်းကိုကန့်ကွက်တဲ့အနေနဲ့သူတု့ိရွာအနီးမှာပဲသပိတ်စခန်းဖွင့်ပြိးကန့်ကွက်ခဲ့ပေမယ့် ကြာသပတေးညကတော့ သပိတ်စခန်းကို အမည်မသိသူတွေကမီးရှို့သွားခဲ့တယ်လို့ဆိုပါတယ်။


"သပိတ်စခန်းဖွင့်ထားတာ ၃လလောက်ရှိပြီမနေ့ကည ဒေါ်ခင်ဝင်းပွဲကိုလာကြတဲ့ ပရိသတ်ကိုကျွေးမွေးဖို့ရွာသားတွေက ချက်ပြုတ်နေကြချိန်မှာသပိတ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ် ဘယ်သူဘယ်ဝါရယ်တော့မသိလိုက်ကြပါဘူး"


ပြီခဲ့တဲ့ဖေဖေါ်ဝါရီလကုန်ပိုင်းတုန်းကတော့ ဆာလင်းကြီးမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က လွှတ်တော်မှာလက်ပံတောင်းအရေးန့ ဲပတ်သက်လို့တင်ပြဆွေးနွေးရာမှာ စုံစမ်းရေးကော်အစီရင်ခံစာအတိုင်းဒေသခံတွေအတွက် စိုက်ပျိုးလုပ်ကိုင်လို့ရမဲ့မြေယာဧကတွေကို ပြန်ပေးဖိ့ုကိုလည်း တင်ပြဆွေးနွေးခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကရရှိတဲ့ အကျိုးအမြတ်တွေကို မူလက မြန်မာဝမ်ပေါင်ကုမဏီနဲ့ မြန်မာ့စီပွာရေးဦးပိုင်ကုမဏီလိမီတက်တို့ကသာ အကျိုးအမြတ်ခွဲဝေယူခဲ့ပါတယ်။

ဒါပေမယ့် သမ္မတဟောင်းဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးေးရးကော်မတီ အစီရင်ခံစာထွက်အပြီးမှာတော့ ၂၀၁၃ ခုနှစ်မှာ စာချုပ်အသစ်ပြန်လည် ချုပ်ဆိုပြီးမြန်မာအစိုးရက၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်း၊ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း ခွဲဝေယူဖို့ဆုံးဖြတ်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG