သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဂျပန်လုံခြုံရေး အဆိုးဆုံး ရင်ဆိုင်ရ


ဂျပန်ဝန်ကြီးချုပ် Shinzo Abe
ဂျပန်ဝန်ကြီးချုပ် Shinzo Abe

ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံး ခြိမ်းခြောက်မှုအန္တရာယ် ကြီးထွားလာနေတာကို ရည်ညွှန်းပြီး ဝန်ကြီးချုပ် Shinzo Abe ကပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေ ဟန့်တားနိုင်ဖို့ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ လက်တွဲကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ကာကွယ်ရေး စွမ်းအင်တွေကို အားကောင်းအောင် ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံသားတွေရဲ့ဘ၀ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ဖို့ အတွက်သာမက၊ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ရန်ဘက်ဖြစ်နေတဲ့ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြား ဆက်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ခဲ့တာ အပါအဝင် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က တောင်ကိုရီးယားအပေါ် မကြာသေးခင်ကစလို့ ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံလာနေတာတွေကိုတော့ ဂျပန်ဝန်ကြီးချုပ်က တိုက်ရိုက်ရည်ညွှန်း ပြောဆိုသွားတာမျိုးတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG