သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာမီးသတ်သမားနဲ့ ကလေးငယ်


ဂျော်ဂျီယာမီးသတ်သမားနဲ့ ကလေးငယ်
please wait
Embed

No media source currently available

0:00 0:00:26 0:00
တိုက်ရိုက် လင့်ခ်

အမေရိကန်ပြည်ထောင်စု Georgia ပြည်နယ် DeKalb ခရိုင် မီးသတ်ဌာနက ဒီသီတင်းပတ်အတွင်း တင်လိုက်တဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာတော့ လှေကားပေါ်ကနေ လွှတ်ချလိုက်တဲ့ ကလေးငယ်တစ်ယောက်ကို မီးသတ်သမားတစ်ယောက်က အောင်အောင်မြင်မြင်ဖမ်းလိုက်နိုင်တာကို တွေ့ရပါတယ်။ ကလေးငယ်ရဲ့ အဖေကိုယ်တိုင် လှေကားပေါ်ကနေ ပစ်ချခဲ့တာပါ။ မီးဟာ အရှိန်အဟုန်နဲ့ လောင်ကျွမ်းခဲ့တာကြောင့် တခြားကလေးငယ်တွေကိုလည်း အလားတူ ဝရံတာကနေ ပစ်ချ ကယ်ဆယ်ခဲ့ရကြောင်းသိရပါတယ်။ ဇန်နဝါရီ၃ရက်နေ့က လူနေတိုက်ခန်းတွဲတွေကို လောင်ကျွမ်းခဲ့တဲ့ ဒီမီးကြောင့် လူ(၈၀)လောက် နေစရာမဲ့ဖြစ်ပြီး ကလေး(၈)ယောက်နဲ့လူကြီး ၄ယောက်ကိုတော့ မီးသတ်သမားတွေက ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG