သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းမြန်မာလုပ်သား ကလေးများ ထိုင်းမှာ တရားဝင် စာသင်နိုင်မည်


မယ်လ ဒုက္ခသည်စခန်း စာသင်ခန်းမှ ကလေးငယ်များ စာသင်နေစဉ်။
မယ်လ ဒုက္ခသည်စခန်း စာသင်ခန်းမှ ကလေးငယ်များ စာသင်နေစဉ်။

ထိုင်းအစိုးရကနေ မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးတွေ ထိုင်းကျောင်းကိုတက်နိုင်ဖို့အတွက် ဆော်သြတဲ့ဥပဒေကို ဒီရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ခဲ့ပြီး ကလေးတွေကိုလည်းနိုင်ငံသားဖြစ်ခွင့်မရှိပေမဲ့ ပညာရေးကျန်းမာရေးကိစတွေမှာ မြန်မာအလုပ်သမားကလေးတွေ အခွင့်ရေးရရှိအောင် ဂဏန်း ၁၃လုံးပါတဲ့ အထောက်အထားလက်မှတ်တွေကို ထုတ်ပေးမယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ နေထိုင်နေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သူတို့ကမွေးဖွားလာတဲ့ ကလေးငယ်တွေကို ထိုင်းကျောင်းတွေမှာ ထားဖို့အတွက် ထိုင်းအစိုးရက ဥပဒေပြန်ခဲ့ပါတယ်။ ဒီဥပဒေအရ ထိုင်းကျောင်းတက်တဲ့အခါမှာလည်း အထာက်အထားလက်မှတ်တွေ ရရှိသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေ့ပြောင်းကျောင်းဆရာတဦးကပြောပြတာကတော့-

"ထိုင်းအစိုးရကနေ ဥပဒေ ထပ်ထုတ်တယ်ပေါ့နော် ရွေပြောင်း မြန်မာနိုင်ငံသားအလုပ်သမားကလေးတွေ အကုန်လုံး ထိုင်းကျောင်းတက်ဖို့ ဆော်သြတယ်ပေါ့နော် အားလုံးတက်ဖို့ ပေါ့။ တက်တဲ့ကလေးတွေအနေနဲ့ ဂဏန်း ၁၃လုံးပါတဲ့ နိုင်ငံသားတော့ဖြစ်ခွင့်မရှိဘူး အထောက်အထား ထုတ်ပေးဖို့လည်း ပြင်ဆင်နေတယ်ပေါ့"

ထိုင်းနိုင်ငံထဲမှာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သူတို့ရဲကလေးတွေကိုလည်း ထိုင်းကျောင်းတွေမှာထားတဲ့အခါ မှာ ထိုင်းဥပဒေအရ အသက် ၁၅ထိ အခမဲ့ပညာသင်ကြားနိုင်တာကြောင့် ရွေပြောင်းအလုပ်သမားတွေအနေနဲ့ကလေးတွေကို ထိုင်းကျောင်းတွေမှာထားသင့်တယ်လို့ဆိုပါတယ်။

"ထိုင်းကျောင်းတက်မယ်ဆိုရင် ထိုင်းကလေးတွေနဲ့ တန်းတူအခွင့်ရေးရတယ် အသက် ၁၅နှစ်အထိ ကုန်ကျစရိတ် မရှိပဲတက်ခွင့်ရှိတယ် ကျောင်းမှာဆိုရင် အဟာရတွေ နောက်ပြိးတော့ ကျောင်းလှုပ်ရှားမူတွေမှာ ထိုင်းကလေးတွေနည်းတူ ရတယ် အဓိကအားဖြင့်အသုံးစရိတ်အနေနဲ့ တနှစ်ကို ဘတ် ၁၅၀၀ သုံးခွင့်ပေးတယ် အဲဒီငွေနဲ့ကျောင်းဝတ်စုံတွေ ဖိနပ်တွေ နေ့အလိုက်ဝတ်စုံတွေ ဝယ်ယူလို့ ရတယ် ကျောင်းမှာဆိုရင်လည်း ကျောင်းသုံးသင်ရိုးညွန်းတန်း စာအုပ်တွေ ထုတ်ပေးတယ် အဲဒီကအားဖြင့် ရွှေ့ပြောင်း ကလေးတွေ ထိုင်းကျောင်းကို တက်ဖို့အတွက်ခွင့်ပြုပြီပေါ့နော်။"

ထိုင်းကျောင်းတက်ခွင့်ရထားတဲ့ ကလေးတွေအနေနဲ့ ထိုင်းကျောင်းတွေမှာ အနည်းဆုံး ၉တန်းပြီးတာနဲ့ အလုပ်ကြမ်းမဟုတ်တဲ့ အလုပ်တွေကို စတင်လုပ်လို့ရပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ထိုင်းကျောင်း ၉တန်းအောင်ပြီဆိုတာနဲ့ အလုပ်အကိုင်တွေမှာ လစာကောင်းကောင်းနဲ့လုပ်လို့ရတယ် စာရေးတို့ အရောင်းဆိုင်တွေမှာလည်း လုပ်လို့ရတယ်။"

ထိုင်းနိုင်ငံထဲမှာ ကျောင်းနေတဲ့ ကလေးငယ်တွေနဲပတ်သက်လို့ ထူးချွန်မူတွှေရှိတဲ့အခါမှာ ထိုင်းကလေးတွေ နည်းတူ အခွင့်ရေးတွေကို အပြည့်အဝပေးလေ့ရှိပါတယ် တချိုကလေးတွေဆိုရင် အထောက်အထားလက်မှတ် အမျိုးအစားတွေပေါ်မူတည်ပြီး အခမဲ့ပညာသင်ကြားခွင့်အပြင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မူတွေပါ ရရှိတာပါ အရင်တုန်းကလည်း အထောက်အထားမဲ့မြန်မာကလေးတွေ အနေနဲ့ ထိုင်းကျောင်းကို ၁၂တန်း ပြီးတဲ့အထိ တက်တဲ့အခါမျိုးမှာ အထာက်အထားလက်မှတ်တွေ ရှရှိအောင် လုပ်ဆောင်ပေးလေ့ရှိပါတယ်။

တက္ကသိုလ်တွေ တက်တဲ့အခါမှာလည်း ထိုင်းနိုင်ငံသားမှာမွေးဖွားတဲ့ ကလေးတွေ ဆိုရင် ထိုင်းနိုင်ငံသားအဖြစ် တောင်းဆိုခွင့်တွေပါရှိလာပါတယ်။ ဒီအတွက် အခုမြန်မာအလုပ်သမား ကလေးငယ်တွေအနေနဲ့ ထိုင်းအစိုးရကျောင်းတွေမှာ တရားဝင်ကျောင်းတွေအပ်နှံနိုင်ပြီဖြစ်သလို အထောက်အထားလက်မှတ်တွေလည်း ထုတ်ပေးသွားမှာဖြစ်တဲ့အတွက် မြန်မာရွှေ့ပောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေကတော့ကြိုဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG