UEHRD ရဲ့ ရခိုင်အရေး သတင်းစာရှင်းလင်းပွဲ
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် အီးယူခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးအရ ဖိအားပေး လုပ်ဆောင်လာရေးအတွက် ရည်ရွယ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပနေတဲ့ The Berlin Conference on Myanmar Genocide - မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဘာလင် ညီလာခံကို တုန့်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲတခု ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ရခိုင်ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန် အပါအဝင် အီးယူနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ စဉ်းစားနေတဲ့အချိန်မှာ ဒီ ဘာလင်ညီလာခံကို ကျင်းပကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၁ မတ်၊ ၂၀၂၅မဇ္ဈိမသတင်းဌာန သမိုင်းမှတ်တမ်း
-
၀၈ မတ်၊ ၂၀၂၅အမေရိကန်ပြည်ထောင်စု
-
၀၈ မတ်၊ ၂၀၂၅စစ်ကောင်စီအကြီးအကဲ ရုရှားခရီးစဉ် “တပတ်အတွင်းသတင်း”
-
၀၁ မတ်၊ ၂၀၂၅အမေရိကန်အတွက် အကျိုးရှိစေမယ့် မြန်မာ့အရေး
-
၀၁ မတ်၊ ၂၀၂၅ထိုင်းမှာ နိုင်ငံခြားသား မလုပ်ရတဲ့ အလုပ်များ