သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖော်ဥပဒေ ထိုင်း ပြန်လည်ရေးဆွဲ


မြန်မာအလုပ်သမားများကို ထိုင်းလူဝင်မှုမှ စစ်ဆေး
မြန်မာအလုပ်သမားများကို ထိုင်းလူဝင်မှုမှ စစ်ဆေး

ထိုင်းနိုင်ငံတွင်အိမ်အကူလုပ်ကိုင်နေသူတွေကို ကာကွယ်ပေးရေး ဆိုင်ရာဥပဒေသစ်တရပ်ကို Department of Labour Protection and Welfare (DLPW) ပြဌာန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်း အိမ်အကူအဖြစ်လုပ်ကိုင်နေသူများကို ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေသစ်ထဲမှာ အချိန်ပြည့်နားရက်မရှိပဲခိုင်းစေတာတွေကို မလုပ်ဖို့၊ အိမ်အကူအလုပ်သမားကို ဌားရမ်းစေခိုင်းတဲ့အခါမှာ အသက်၁၅ နှစ်အောက်၊ အသက်မပြည့်သူတွေကိုခိုင်းစေတာတွေမလုပ်ဖို့၊
တပတ်မှာ နားရက်တရက်ပေးဖို့ စတဲ့အချက်တွေပါဝင်တာပါ။ ဒီလိုဥပဒေထုတ်လိုက်တဲ့အတွက် အိမ်အကူအဖြစ် လုပ်ကိုင်နေရတဲ့ သူတွေအတွက် ဥပဒေရဲ့ အကာကွယ်ရနိုင်တော့မှာဖြစ်တဲ့အတွက် ဝမ်းသာမိကြောင်း အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့မြန်မာအမျိုးသမီးတဦးကပြောပြပါတယ်။

“ဝမ်းသာပါတယ်၊ အဲဒီလိုတွေကြားရတော့ကိုယ့် ထက်ခက်ခဲတဲ့သူတွေအတွက် အရမ်းအဆင်ပြေသွားမယ်။ ကိုယ့်အတွက် ကာဗာရှိမယ်ဆိုရင်တော့ အားလည်းရှိတာပေါ့။ အလုပ်သမားတွေအတွက်အဆင်ပြေသွားမယ်။အားရှိတာပေါ့နော်တခုခုဆိုလို့ရှိရင်လည်း”

ထိုင်းနိုင်ငံမှာအိမ်အကူလုပ်နေတဲ့သူတွေအဖို့ကတော့ နာရီသတ်မှတ်ချက်မရှိပဲ အိမ်ရှင်မနိုး ခင်ကြိုတင်အိပ်ယာထရပြီး အိမ်ရှင်အိပ်ပြီးမှ နားရတာမျိုးတွေကို အများစုကကြုံနေရတာပါ။ အထူးသဖြင့် စက်ရုံအလုပ်ရုံတွေနဲ့ မတူပဲ အိမ်ထဲမှာနေထိုင်ရတာမို့ ပြင်ပနဲ့လည်းအဆက်သွယ်ဖြတ်ခံထားရတာမျိုးတွေ၊ အိမ်ထဲမှာနှိပ်စက်ညှဉ်းပမ်းခံရတာမျိုးတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာမျိုးတွေ၊ လူမသိသူမသိ သတ်ဖြတ်ခံရတာမျိုးတွေလည်း ရှိနေတာပါ။ အိမ်အကူတွေရဲ့ ဘဝဟာစိတ်ဖိစီးမှုတွေနဲ့ လုပ်ကိုင်ရတာမျိုးတွေကို ကြုံခဲ့ရတယ်လို့လည်း သူမကဆက်ပြောပြပါတယ်။

“ကိုယ်နေလို့လည်းမတတ်ဘူး။ သူများသူစိမ်းဆီမှာနေရတာဆိုတော့ သူများမျက်နှာကိုကြည့်နေရတာပေါ့။ ကိုယ့်ကိုကြိုက်လားမကြိုက်ဘူးလား၊ အဆင်ပြေလားမပြေဘူးလားပေါ့။ စိတ်ဖိစီးမှု တအားဖြစ်ရင် ရေချိုးခန်း တံခါးပိတ်ပြီး သွားထိုင်ငိုလိုက်တယ်။ ငိုလို့ဝမှ မျက်နှာသစ်ပြီး ပြန်ထွက်လာတယ်။ လက်မှတ်မရှိရင်လည်း ဘယ်မှထွက်မရဘူး။ ဖမ်းမယ် ဆီးမယ်ဆိုတော့ တနေရာနဲ့ တနေရာမှာ အလုပ်လုပ်ဖို့ ကလည်းလွယ်မှမလွယ်တာ။ စိတ်ညစ်လို့ ရှိရင် အိမ်က ဝရံတာမှာထွက်ထိုင်၊ လူမရှိတဲ့နေရာမှာသွားနေရတယ်။ တယောက်ထဲငိုရတယ်။ အပြင်လည်းထွက်မရဲဘူးလေ။ အလုပ်ထွက်မယ်ဆိုတော့ အိမ်ရှင်ကပေးမထွက်ဘူးလေ။ သူ့ကို လူစားရှာပေးရမယ်တဲ့။ လူစားရှာမပေးရင်ထွက်မရဘူး ပြောတယ်”

ထိုင်းနိုင်ငံအတွင်း အိမ်အကူအလုပ်လုပ်ကိုင်နေသူတွေရဲ့ အခွင့်အရေးဆိုင်ရာ လိုအပ်ချက်တွေကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ အခွင့်အရေးပေးဖိုအတွက် ထိုင်းအလုပ်သမားဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေဖောင်းဒေးရှင်းတွေဘက်က တင်ပြမှုတွေလုပ်ခဲ့တဲ့အကြောင်း Department of Labour Protection and Welfare (DLPW)ရဲ့ အထွေထွေအတွင်းရေးမှူး ဘွမ်စွမ် နမ်စုန်ဘွမ်က ထုတ်ဖေါ်ပြောဆို
ခဲ့ပါတယ်။ ဥပဒေထဲမှာတော့ အိမ်အကူတွေအနေနဲ့ ပညာသင်ကြားခွင့်မရှိပဲ ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ပြီး အိမ်တွင်းမှာ ပိတ်လှောင်ထားတာတွေက အထီးကျန်ဖြစ်လာပြီး စိတ်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်လာနိုင်တာမို့ ကျန်းမာရေး
နဲ့ ဆေးကုသခွင့်ကိုပါပေးဖို့၊ သတ်မှတ်ထားတဲ့အလုပ်ချိန်ထက် အချိန်ပိုခိုင်းမယ်ဆိုရင် အချိန်ပိုအလုပ်အတွက် အခကြေးငွေပေးဖို့လည်း ပါဝင်ပါတယ်။

အိမ်အကူအလုပ်သမားတွေအတွက် ချမှတ်ထားတဲ့ ဥပဒေ ၁၄ (၂၀၁၂) ကို အိမ်ရှင်အများစုက မလိုက်နာတဲ့အတွက် ခုလိုအလုပ်သမားအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ထိုင်း အလုပ်သမား ဝန်ကြီးဌာနကို တင်ပြကြပြီး သုံးလအတွင်း
အကောင်ထည်ဖေါ်နိုင်ဖို့အတွက်ကြိုးစားသွားမှာဖြစ်ကြောင်းပြောဆိုသွားပါတယ်။ ထိုင်းနိုင်ငံမှာအိမ်အကူအဖြစ်လုပ်ကိုင်သူအများစုကတော့မြန်မာ နိုင်ငံသားတွေပဲဖြစ်ကြပါတယ်။

အိမ်ဖော်ဥပဒေ ထိုင်း ပြန်လည်ရေးဆွဲ
please wait

No media source currently available

0:00 0:03:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG