သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Putin အနိုင်ရတဲ့အပေါ် Trump ဖုန်းခေါ်ဆိုမှု အိမ်ဖြူတော်ကာကွယ်ပြောကြား


Putin အနိုင်ရတဲ့အပေါ် Trump ဖုန်းခေါ်ဆိုမှု အိမ်ဖြူတော်ကာကွယ်ပြောကြား
please wait

No media source currently available

0:00 0:03:10 0:00
တိုက်ရိုက် လင့်ခ်

ရုရှားသမ္မတ Vladimir Putin သမ္မတရွေးကောက်ပွဲမှာ ပြန်လည် ရွေးချယ်ခံရတာကြောင့် အမေရိကန်သမ္မတ Donald Trump က ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောကြားခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို အိမ်ဖြူတော်က ကာကွယ်ပြောကြားပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရလာဒ်တွေအပြောင်းအလဲဖြစ်အောင် ရုရှားတွေအနေနဲ့ ကြားဝင်နှောက်ယှက်ခဲ့တယ်ဆိုတာကို အသေအချာ စုံစမ်းစစ်ဆေးမှုတွေကနေ တွေ့ရကြောင်း အထက်လွှတ်တော် ကြားနာပွဲအတွင်း ပြောကြားတဲ့အချိန်မှာပဲ အင်္ဂါနေ့ အစောပိုင်းက ထရမ့် ဖုန်းခေါ်ဆိုခဲ့တာပါ။ အထက်လွှတ်တော်ရဲ့ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး သမ္မတဟာ ဘာမှ ပြောဆိုတာမျိုးမရှိပေမယ့် အရေးကြီးတဲ့ ကမ္ဘာ့ရေးရာတွေနဲ့ ပတ်သက်ပြီး Putin နဲ့ ဆွေးနွေးဖို့လိုအပ်ကြောင်းကိုတော့ ပြောကြားခဲ့ပါတယ်။ VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG