သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်ကျွန်ကုန်ကူးမှု တားဆီးရေးနဲ့ ဖြေရှင်းရေး ဆောင်ရွက်မှုများ


တိုက်ရိုက် လင့်ခ်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာနက ကမ္ဘာတဝှမ်း လူကုန်ကူးမှု အဆိုးရွားဆုံး ၂၃ နေရာစာရင်းကို ထုတ်ပြန်ခဲ့တာမှာ ဘဲလားရုရှ် ၊ ဗဟိုအာဖရိက ရီပတ်ဘလစ်၊ ဘူရွန်းဒီး၊ ကွန်ဂို၊ တရုတ်၊ အီရစ်ထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ရုရှား၊ ဆူဒန်၊ ဆီးရီးယား အုဇ်ဘက်ကစ္စတန် နဲ့ ဗင်နီဇွဲလား စတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း လိင်ကျွန်အဖြစ် ကုန်ကူးမှုတွေ ပိုများလာနေတာပါ။ ဒါပေမဲ့ တချိန်တည်းမှာလည်း ဒီအခြေအနေမျိုး မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေနဲ့ လိင်ကျွန်ပြုခံရသူတွေရဲ့ ဘ၀ ပြန်လည် ထူထောင်နိုင်ရေး ကြိုးပမ်းမှုတွေကလည်း ပိုပြီး များလာပါတယ်။ ဒီလို ကြိုးပမ်းမှုတွေက ကမ္ဘာတဝှမ်း လူကုန်ကူးမှုပြဿနာ ဖြေရှင်းကိုင်တွယ်ရာမှာ ဘယ်လို အပြောင်းအလဲ သက်ရောက်မှုတွေ ဖြစ်လာစေပါသလဲ။ VOA သတင်းထောက် Carolyn Presutti ပေးပို့တဲ့သတင်းကို မခင်ဖြူထွေး က တင်ပြပေးပါမယ်။

XS
SM
MD
LG