သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အာဂျင်တီးနားသောင်ပြင်က ဝေလငါးကြီး


အာဂျင်တီးနားသောင်ပြင်က ဝေလငါးကြီး
please wait
Embed

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

အာဂျင်တီးနားနိုင်ငံ Mar del Plata မြို့တော်က Punta Mogotes အပန်းဖြေစခန်းမှာတော့ စနေနေ့ (ဧပြီ ၇) ကတည်းက သောင်တင်နေတဲ့ ဝေလငါးကြီးကို တနင်္လာနေ့ (ဧပြီ ၉)မှာ ပင်လယ်ထဲပြန်ပို့ဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၀တန်နီးပါးအလေးချိန်ရှိပြီး ၃၂ပေရှည်တဲ့ ဒီငါးကြီးဟာ အသက် ၃/၄နှစ်လောက်ရှိပြီိလို့ခန့်မှန်းကြပါတယ်။ သူ့ကိုအချိန်မီကယ်တင်ဖို့ ဒေသခံပေါင်းများစွာ တစ်တပ်တစ်အားပါဝင်ခဲ့ကြပေမယ့် ရေထဲပြန်ရောက်အပြီး ခဏအကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူဘာကြောင့် သောင်တင်နေခဲ့သလဲဆိုတာကို မသိရသေးပါဘူး။ #voaburmese #voasocial

XS
SM
MD
LG