သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို တိုက်ခိုက်မှု လုံခြုံရေးကောင်စီ သဘောထားကွဲ


ဆီးရီးယားကို တိုက်မယ့် အမေရိကိန် B-1B Lancer ဗုံးကြဲလေယာဉ်၊ ဧပြီ ၁၄၊ ၂၀၁၈။
ဆီးရီးယားကို တိုက်မယ့် အမေရိကိန် B-1B Lancer ဗုံးကြဲလေယာဉ်၊ ဧပြီ ၁၄၊ ၂၀၁၈။

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်သိုလှောင်ရုံတွေ၊ သုသေသန အဆောက်အအုံတွေကို စနေနေ့က လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဟာ တရားဥပဒေနဲ့ ညီပြီး တရားနည်းလမ်းကျတဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ် တို့ကပြောပါတယ်။ ဒီလုပ်ရပ်အတွက် ရုရှားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူကျင်းပပါတယ်။ ဒီတိုက်ခိုက်မှုက အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်ကို ချိုးဖောက်လိုက်တာဖြစ်တယ်ဆိုတဲ့ ရုရှားရဲ့စွပ်စွဲပြောဆိုချက်ကို အမေရိကန်ု၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ပယ်ချကြပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန် တို့ရဲ့ လုပ်ရပ်ဟာ လက်တုန့်ပြန်တဲ့ လုပ်ရပ်မဟုတ်သလို ပြစ်ဒဏ်ပေးတဲ့လုပ်ရပ်လည်းမဟုတ်တဲ့အပြင် အင်အားပြတဲ့ ဝိသေသလက္ခဏာလည်းမဟုတ်ပါဘူး၊ လူသားထုအပေါ် ကြမ်းကြုတ်ရက်စက်စွာ ကျူးလွန်နေတဲ့ ဆီးရီးယား အာဏာရှင်တွေ နောက်နောင် ဓာတုလက်နက် ဆက်ပြီး အသုံးမပြုအောင်တားမြစ်တဲ့အနေနဲ့ တိုက်ခိုက်တဲ့လုပ်ရပ်သာ ဖြစ်ပါတယ် လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Nikkie Haley ကပြောပါတယ်။

စနေနေ့မနက်အစောပိုင်းမှာပဲ ဆီးရီးယားမှာရှိတဲ့ ဓာတုလက်နက်သိုလှောင်ရုံ ၃ ခုပေါ်ကို မဟာမိတ်တပ်တွေက မစ်ဇိုင်းဒုံး ၁၀၅ စင်းကြဲချခဲ့တာပါ။ ဆီးရီးယားပြည်သူတွေအပေါ် ဓာတုလက်နက်နဲ့တိုက်ခိုက်ခဲ့တာမဟုတ်ဘူးဆိုပြီး ဆီးရီးယားအစိုးရ အကြိမ်ကြိမ် ငြင်းဆိုလာသလို Damascus မြို့အနီး Douma မှာ ဧပြီလ ၇ ရက်နေ့က တိုက်ခိုက်ခဲ့တာဟာလည်း ပြည်ပ ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ အကူအညီနဲ့ အကြမ်းဖက်သမားတို့ ကျူးလွန်ခဲ့တဲ့လုပ်ရပ်သာဖြစ်တယ်လို့ ပြောဆိုပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက်အစီအစဉ်တွေ အကြီးအကျယ်ထိခိုက်ပျက်စီးသွားတယ်ဆိုတာ အမေရိကန်ဘက်က ယုံကြည်မှုအပြည့်ရှိတယ်လို့လည်း Haley ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG