သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မျက်နှာများတဲ့ ပြင်သစ်နိုင်ငံသား


မျက်နှာများတဲ့ ပြင်သစ်နိုင်ငံသား
please wait
Embed

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

ပြင်သစ်နိုင်ငံသား အသက် ၄၃အရွယ် Jerome Hamon ဟာ “မျက်နှာများတဲ့ လူသား”လို့ ခေါ်ရလောက်အောင် သူဟာ မျက်နှာသုံးခုကို ပြောင်းလဲတပ်ဆင်ခဲ့ရသူပါ။ သူ့မှာ ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာရောဂါတမျိုးကို ခံစားခဲ့ရပြီး သူ့မျက်နှာဟာ ရှုံ့တွလာခဲ့တာကြောင့် ၂၀၁၀ခုနှစ်မှာ ပထမဆုံးအကြိမ် မျက်နှာပြောင်းဖို့ ခွဲစိတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၂၀၁၅ခုနှစ်မှာ အအေးမိတာကို ပျောက်ဖို့သောက်တဲ့ ပဋိဇီဝဆေးနဲ့ ဓါတ်မတည့်တာကြောင့် ဝေဒနာခံစားခဲ့ရပြီး ၂၀၁၇ခုနှစ်မှာ ဒုတိယအကြိမ် မျက်နှာကို ဖယ်ရှားခဲ့ရပါတယ်။ သူဟာ မျက်နှာမရှိဘဲ ဆေးရုံမှာ ၃လနေခဲ့ရပြီး အဲဒီအချိန်အတွင်း မမြင်နိုင်၊ မကြားနိုင် စကားမပြောနိုင်ဖြစ်ခဲ့ရပါတယ်။ အခုနောက်ဆုံး မျက်နှာကတော့ အသက် (၂၂)အရွယ် အမျိုးသားတစ်ဦးဆီက ရထားတာဖြစ်လို့ သူ အသက်(၂၀)လောက် ပြန်ငယ်သွားတယ်လို့ဆိုခဲ့ပါတယ်။ #voaburmese #voasocial

XS
SM
MD
LG