မြောက်ကိုရီးယားအရေး ထိပ်သီးဆွေးနွေးပွဲနဲ့ သမ္မတ Trump သဘောထား
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ မျှော်လင့်ထားတဲ့အချိန်မှာပဲ၊ နျုျူကလီးယားလက်နက်ဖျက်သိမ်းရေးမှာ မြောက်ကိုရီးယားဘက်က ကတိစကားနဲ့ အပြောသက်သက်ထက်၊ အလုပ်နဲ့ သက်သေပြဖို့ သမ္မတ Trump တောင်းဆိုမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုပါတယ်။ အမှန်တကယ် လုပ်ဆောင်မယ်ဆိုရင်တော့ အပြောင်းအလဲ ဖြစ်နိုင်ခြေ အစပျိုးလာနေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ ဒီထက်ကြီးမားတဲ့ တိုးတက်မှုတွေလည်း မြင်လာရနိုင်တဲ့အကြောင်း VOA သတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။