သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက လွတ်မြောက်လာသူတွေကို သမ္မတ Trump ကြို


မြောက်ကိုရီးယားက လွတ်မြောက်လာသူတွေကို သမ္မတ Trump ကြို
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

မြောက်ကိုရီးယားမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက် ဒီနေ့ကြာသပတေးနေ့ မနက်ပိုင်းက အမေရိကန်ကို ပြန်ရောက်လာချိန်မှာ သမ္မတ Donald Trump သွားရောက်ကြိုဆိုခဲ့ပြီး၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ခြေလှမ်းသစ်တွေ စတင်ပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား ၃ ဦးအနက်၊ ပြုံယမ်း သိပ္ပံနဲ့နည်းပညာ တက္ကသိုလ်မှာ စာသင်ကြားပို့ချခဲ့ကြဖူးတဲ့ Tony Kim နဲ့ Kim Hak Song တို့ကိုတော့ အစိုးရဆန့်ကျင်တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်မှု၊ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှု စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်မှာပဲ သီးခြားစီ ဖမ်းဆီးခံထားရတာပါ။ နောက်တဦးဖြစ်တဲ့ Kim Dong Chul ကိုတော့ ၂၀၁၅ အောက်တိုဘာလထဲ နိုင်ငံမြောက်ဖက် Rason မြို့မှာ ဖမ်းဆီးခဲ့ပြီး၊ သူလျှိုမှုနဲ့ ၂၀၁၆ ခုနှစ်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်စီရင်ထားပါတယ်။ #voaburmese #voasocial

XS
SM
MD
LG