သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖေ့ဘုတ်အရေးယူမှုနဲ့ ဂယက် (တိုက်ရိုက်လေလှိုင်း)


Myanmar Social media
Myanmar Social media

စက်တင်ဘာ ၄၊ ၂၀၁၈။ မြန်မာပရိသတ်တွေ အကြိုက်တွေ့တဲ့ လူမှုကွန်ယက်တခုဖြစ်တဲ့ facebook စာမျက်နှာပေါ်ကနေ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ အခြား စစ်တပ်နဲ့နွယ်တဲ့ အကောင့်တွေကို ဖယ်ရှားလိုက်တာကြောင့် ၊ လူမှုကွန်ယက်သုံးစွဲတဲ့ မြန်မာတွေအကြား ကန့်ကွက်သူတွေ ထောက်ခံသူတွေနဲ့ အတော်လေး ပွဲစည်ခဲ့ပါတယ်။ တဖက်မှာတော့ facebook အစား၊ VK ဆိုတဲ့ ရုရှားအခြေစိုက် လူမှုကွန်ယက်ကို သုံးဖို့ လှုံဆော်မှုတွေလည်း ရှိလာပါတယ်။

ဒါကြောင့် ဖေ့ဘုတ်ရဲ့ အခုလို အရေးယူမှုမျိုးဟာ တကယ်ပဲ သူတို့အခေါ် community standard ခေါ်တဲ့ သူတို့ စံနဲ့ ညီရဲ့လား၊ အခုလို ပိတ်ပင်တာကြောင့် လွတ်လပ်စွာပြောဆိုခွင့်အပေါ် ထိခိုက်သွားသလား အင်္ဂါနေ့ညတိုက်ရိုက်လေလှိုင်းမှာ ဆွေးနွေးထားပါတယ်။ သတင်းစာဆရာ ကိုစိန်ဝင်း၊ CSO အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ကိုသွင်လင်းအောင်နဲ့ ရှမ်းပြည်သီပေါက နိုင်ငံရေးသမား ဦးရဲထွန်းတို့ ပင်တိုင်ပါဝင်ဆွေးနွေးထားပါတယ်။

ဖေ့ဘုတ်အရေးယူမှုနဲ့ ဂယက် (တိုက်ရိုက်လေလှိုင်း)
please wait

No media source currently available

0:00 0:21:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG