သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်


တိုက်ရိုက် လင့်ခ်

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Jemery Hunt က ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဒေသတချို့ကို ကိုယ်တိုင်သွားရောက်ပြီး လူထုနဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။ မောင်တောမြို့နယ် ရွှေဇားနဲ့ ပန်းတော်ပြင်ရွာက အစ္စလာမ်ဘာသာဝင်တွေနဲ့ တွေ့ဆုံ မေးမြန်းပြောဆိုတာတွေ လုပ်ခဲ့သလို၊ မြန်မာအစိုးရဲ့ ဒုက္ခသည် လက်ခံကြိုဆိုရေးစခန်း တခုဖြစ်တဲ့ တောင်ပြိုလက်ဝဲစခန်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းတို့နဲ့လည်း ညစာစားခဲ့ပါတယ်။

XS
SM
MD
LG