သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျသွားတဲ့ အင်ဒိုလေယာဉ်ပျက်ရှိရာနေရာ ရှာတွေ့


အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာကနေ တနလာၤနေ့ မနက်ပိုင်းမှာ ပျံတက်သွားပြီးနောက် မိနစ်ပိုင်း အကြာမှာ ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ လေယာဉ် ရှိရာနေရာကို ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေ တွေ့ရှိထားပြီလို့ ယူဆရပါတယ်။

Bangka – Belitung ကျွန်းကို ပျံသန်းစဉ် ရေဒါကနေ ပျောက်သွားခဲ့တဲ့ Lion Air လေကြောင်းလိုင်းရဲ့ လေယာဉ်အမှတ် JT610 ရှိနေတဲ့ နေရာကို အတိအကျ ရထားပြီလို့ အခိုင်အမာ ယုံကြည်ထားကြောင်း စစ်တပ် အကြီးအကဲ Hadi Tjahjanto က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

၂၂ မီတာ ရှည်တဲ့ အရာဝတ္ထု တခုကို အင်္ဂါနေ့ ညက ရှာဖွေ တွေ့ရှိကြောင်း ရေတပ် အရာရှိ Haris Djoko Nugroho က အင်ဒိုနီးရှား ရုပ်သံကို ပြောဆိုထားပါတယ်။ပင်လယ်ကြမ်းပြင် ဧရိယာ အကျယ်ကြီးရဲ့ ပုံရိပ်ကို ရယူနိုင်တဲ့ Scan Sonar နဲ့ အသေးစိတ် ပုံရိပ်တွေ ရယူပြီးရင်တော့ ဒီအရာဝတ္ထုကို စစ်ဆေးဖို့ အတွက် ရေငုပ်သမားတွေ စေလွှတ်မယ်လို့လည်း ရေတပ် အရာရှိ Nugroho က ပြောဆိုသွားပါတယ်။

လေယာဉ်ပျက်ရှိရာကို ရှာဖွေနိုင်ခဲ့တာဟာဆိုရင် Black Box လို့ ခေါ်တဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းတွေ၊ လေယာဉ်မှူးရဲ့ အသံဖမ်းစက်တို့ကို ရယူနိုင်ဖို့ ရှာဖွေရေး အဖွဲ့ အတွက် ပိုပြီး နီးစပ်လာစေတာ ဖြစ်ပါတယ်။

လေယာဉ်ပျံတက်ပြီး မကြာခင်မှာဘဲ လေယာဉ်မှူးက လေဆိပ်မှာ ပြန်ပြီး ဆင်းသက်ဖို့ ဘာကြောင့် ပြောခဲ့သလဲ ဆိုတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို Black Box ကနေ ရရှိမှာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှု အတွင်း လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၁၈၉ ဦး စလုံး သေဆုံးခဲ့ရပါတယ်။

ပျက်ကျသွားတဲ့ အင်ဒိုလေယာဉ်ပျက်ရှိရာနေရာ ရှာတွေ့
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG