သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဆက်ဆံရေး တရုတ်ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်


တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe
တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe

တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe အနေနဲ့ မြန်မာ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်းနဲ့ ထိုင်းလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Luechai Ruddit တို့ကို ဘီဂျင်းမြို့တော်မှာ တနေ့ထဲ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်းနဲ့ သောကြောနေ့က တွေ့ဆုံရာမှာ တရုတ် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နဲ့ နိုင်ငံတော်ကောင်စီဝင်လဲဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး Wei က ဘယ်လိုအခြေအနေပဲ ပြောင်းပြောင်း တရုတ်-မြန်မာ ချစ်ကြည်ရေးက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီး Wei က မြန်မာနိုင်ငံအနေနဲ့ အချုပ်အခြာတည်တံံ့ခိုင်မြဲရေး၊ လွတ်လပ်ရေးနဲ့ ပြည်ထောင်စုမပြိုကွဲရေး အတွက်ထိန်းသိမ်းပြီး၊ မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီမယ့် ဖွံဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရာမှာ တရုတ်ဖက်လည်း အမြဲပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ကတိပြုလိုက်ပါတယ်။

ဒါ့အပြင် တရုတ် စစ်တပ်အနေနဲ့ မြန်မာတပ်မတော်နဲ့ လက်တွဲပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နယ်စပ်စီမံခန့်ခွဲရေး အားကောင်းလာစေရေးနဲ့၊ နယ်စပ်တည်ငြိမ်မှု ထိန်းသိမ်းရေး လုပ်ဆောင်သွားဖို့ အသင့်ရှိနေတယ်လို့လည်း ဝန်ကြီး Wai ကဆက်ပြောခဲ့ပါတယ်။

ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းကလည်း မြန်မာအနေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို နယ်ပယ်မျိုးစုံမှာ ပိုနက်နက်ရှိုင်းရှိုင်း ဆောင်ရွက်လိုပြီး နယ်စပ်တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းကာ နှစ်ဖက်စစ်ရေးဆက်ဆံမှု ပိုမို မြှင့်တင်သွားလိုကြောင်း ပြန်ပြောခဲ့ပါတယ်။

ထိုင်း လေတပ်ဦးစီးချုပ် Luechai နဲ့တွေ့ရာမှာတော့ တရုတ် ကာကွယ်ရေးဝန်ကြီး Wei က ထိုင်း-တရုတ် ဘက်စုံမဟာဗျူဟာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုနက်နက်ရှိုင်းရှိုင်းဖြစ်စေဖို့နဲ့ ထိုင်းနိုင်ငံရဲ့ အာဆီယံ အလှည့်ကျ ဥက္ကဌတာဝန်ယူမှုကို ထောက်ခံဖို့ အသင့်ပါလို့ ပြောခဲ့ပါတယ်။

ထိုင်းလေတပ်ဦးစီးချုပ်ကလည်း စစ်ရေးအပြန်အလှန်လေ့လာမှုတွေ အဆင့်တိုင်းမှာ တိုးချဲ့မြှင့်တင်သွားဖို့ တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG