သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Khashoggi ကိစ္စ ဆော်ဒီမင်းသားပတ်သက်မှု ကန်အစိုးရ လက်မခံသေး


Jamal Khashoggi ရဲ့ ဈာပန အခမ်းအနား တက်ရောက်လာသူများ
Jamal Khashoggi ရဲ့ ဈာပန အခမ်းအနား တက်ရောက်လာသူများ

ဆော်ဒီသတင်းထောက် Jamal Khashoggi အသတ်ခံရမှုနဲ့ပတ်သက်တဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရက မချရသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ Khashoggi ကို သတ်ဖို့အတွက် ဆော်ဒီ အိမ်ရှေ့စံမင်းသား Mohammed bin Salman က အမိန့်ပေးခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ကောက်ချက် ချခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် သမ္မတ Donald Trump အစိုးရက ကန့်ကွက် ပြောဆိုနေတာပါ။

အမေရိကန်အစိုးရက အပြီးသတ် ဆုံးဖြတ်ချက် ချပြီးတဲ့အကြောင်း မကြာသေးခင်က သတင်းတွေမှာ ရေးသားထားမှုဟာ မတိကျကြောင်း နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီကြေညာချက်မထွက် နာရီပိုင်းအလိုလောက်တုန်းကတော့ ဆော်ဒီ အိမ်ရှေ့စံမင်းသားက အမိန့်ပေးခဲ့တာလို့ အမေရိကန်ထောက်လှမ်းရေဌာန CIA က ကောက်ချက်ချခဲ့ကြောင်း The Washington Post သတင်းစာမှာ ရေးသားခဲ့တာပါ။

သမ္မတ Trump ကာလီဖိုးနီးယားပြည်နယ်က တောမီးလောင်နေတဲ့အခြေအနေတွေကို ကြည့်ရှု စစ်ဆေးဖို့ သွားနေတဲ့ လမ်းခုလပ် Air Force One သမ္မတရဲ့ လေယာဉ်ပေါ်မှာ ရှိနေတဲ့အချိန်မှာဘဲ CIA အကြီးအကဲ Gina Haspel နဲ့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့က သမ္မတကို တယ်လီဖုန်းနဲ့ အစီရင်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

သမ္မတအနေနဲ့ CIA အဖွဲ့အပေါ် ယုံကြည်မှု အပြည့်အဝရှိကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Sarah Sanders က ပြောဆိုအပြီး မိနစ်ပိုင်း အကြာမှာဘဲ နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက် ထွက်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG