သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗင်နီဇွဲလားအကျပ်အတည်း ကုလအတွင်းရေးမှူးချုပ် သတိပေး


ဗင်နီဇွဲလားနိုင်ငံမှာ အဓိကနိုင်ငံရေး ပြိုင်ဘက်တွေကြား သဘောတူညီချက်ရအောင် မညှိနှိုင်းနိုင်ခဲ့ရင် ကြီးမားတဲ့ အကျပ်အတည်းနဲ့ ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။

ဗင်နီဖွဲလား ပြည်သူတွေနဲ့ ဒေသတွင်းအတွက် ကြီးမားတဲ့ အကျပ်အတည် ဆိုက်နိုင်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားဖို့ ဆွေးနွေးပြောဆိုနိုင်မယ့် အခွင့်အလန်းတွေ ရှိနေဆဲ ဖြစ်ကြောင်းလည်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့က ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ ဒီနေ့ပဲ ပြောဆိုလိုက်တာပါ။

ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Juan Guaido ကို ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီခေါင်းဆောင်အဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း၊ အမေရိကန်သမ္မတ Donald Trump က ကြေညာလိုက်တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ ဗင်နီဇွဲလားသမ္မတ Nicolas Maduro က အမေရိကန်နဲ့ သံတမန် အဆက်အဆံ ဖြတ်လိုက်ကြောင်း မနေ့တုန်းက ကြေညာလိုက်တဲ့အတွက် တင်းမာမှုတွေလည်း ကြီးထွားနေပါတယ်။

Guaido ကတော့ လူထုဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ချိန်မှာပဲ ယာယီသမ္မတအဖြစ် တာဝန်ယူမယ့်အကြောင်း ကြေညာခဲ့တာပါ။ ဗင်နီဇွဲလားသမ္မတ Maduro က အမေရိကန်သံရုံးက ၀န်ထမ်းတွေအားလုံး ၇၂ နာရီအတွင်း နိုင်ငံကနေ ထွက်ခွာဖို့လည်း အမိန့်ထုတ် ထားပါတယ်။ ဒါပေမဲ့လည်း Maduro မှာ လုပ်ပိုင်ခွင့် မရှိတော့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုထားတာပါ။ သမ္မတ Trump ကတော့ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းမှုတွေ ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်ခဲ့ရင်၊ ဖြစ်လာအောင် ကြိုးပမ်းမယ့် နည်းလမ်းပေါင်းစုံကို စဉ်းစားထားကြောင်းလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG