စပိန် မိုးဘိုင်း ညီလာခံနဲ့ 5G ကွန်ယက်
5G ကွန်ယက် ချိတ်ဆက်ထားတဲ့ စက်ရုပ်၊ မော်တော်ကား၊ အဝေးထိန်းဒရုန်းယာဉ်နဲ့ ပုံရိပ်စစ်ဂိမ်းကစားစရာ ပစ္စည်းမျိုးစုံကို စပိန်နိုင်ငံ၊ဘာဆီလိုနာမြို့မှာကျင်းပတဲ့ ကမ္ဘာ့ မိုဘိုင်းညီလာခံမှာ ပြသထားပါတယ်။ 5G ကွန်ယက် ကြောင့် လူသားတွေ ရဲ့ နေ့စဉ်ဘဝ ပြောင်းလဲ သွားမယ့် အခြေအနေကို စိတ်လှုပ်ရှားနေကြပေမဲ့လည်း 5 G ကွန်ယက် တည်ဆောက်တဲ့ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ Huawei ကိုသုံးပြီး တရုတ် အစိုးရက ထောက်လှမ်းရေး လုပ်နိုင်တယ်ဆိုတဲ့ အမေရိကန် ရဲ့ စွပ်စွဲချက်တွေကြားက ဒီညီလာခံ ကို ကျင်းပရတာပါ။ Henry Ridgwell သတင်းပေးပို့ ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။