ဆီးရီယားမှာ IS ချေမှုန်းရေး အပြီးသတ်ကြိုးပမ်းနေ
ဆီးရီးယားနိုင်ငံမှာ IS စစ်သွေးကြွတွေသိမ်းပိုက်ထားဆဲ နောက်ဆုံးကျန်ဒေသအပေါ် အမေရိကန်ပံ့ပိုးထားတဲ့ တပ်ဖွဲ့တွေထိုးစစ်ဆင်တိုက်နေတာ ၃ ရက်ကြာကျော်ပြီဖြစ်ပေမဲ့ မြို့ထဲမှာ အရပ်သားတွေ ရှိနေသေးတာကြောင့် တိုက်ခိုက်မှု အရှိန်သပ်ထားတယ်လို့ပြောပါတယ်။ သောကြာနေ့က ထိုးစစ်ဆင်မှု မစခင် Baghuz မြို့ထဲက အရပ်သား ၁ သောင်း ၃ ထောင်ကျော်လောက်ကို SDF တပ်တွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲက ၉၀% ကျော်ဟာ အမျိုးသမီးနဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေဖြစ်ကြပြီး အများအပြား အဟာရချို့တဲ့နေကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ #voaburmese #voasocial
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅
ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅
အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅
ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅
လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို