IS နောက်ဆုံး ခြေကုပ်စခန်း ကျအပြီး SDF တပ်တွေ အောင်ပွဲခံ
၅ နှစ်တာ တိုက်ခိုက်ခဲ့ပြီးနောက် ISIS ကို လက်တွေ့ ချေမှုန်းနိုင်ပြီဆိုတာနဲ့ ISIS ရဲ့ အများပြည်သူအပေါ် ခြိမ်းခြောက်မှုကို အဆုံးသတ်နိုင်ပြီဆိုတာ ကြေညာနိုင်ပြီလို့ SDF ဦးဆောင် ညွှန်ကြားရေးမှူး Mazloum Kobani က အရာရှိတွေနဲ့ ညွန့်ပေါင်း အဖွဲ့တွေကို ပြီးခဲ့တဲ့ စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။ လက်ခုပ်သံတွေ၊ သံစုံတီးဝိုင်း ချီတက်သံတွေကြားမှာဘဲ SDF တပ်မှူးတွေနဲ့ ညွန့်ပေါင်းအဖွဲ့ တာဝန်ရှိသူတွေကတော့ အောင်ပွဲအတွက် ပေးဆပ်ခဲ့ကြတဲ့ SDF တပ်ဖွဲ့တွေကို ဂုဏ်ပြုခဲ့ကြပါတယ်။ အီရတ်နိုင်ငံနဲ့ ဆီးရီးယား နိုင်ငံရဲ့ သုံးပုံတပုံနီးပါးကို ထိန်းချုပ်ခဲ့ဖူးတဲ့ IS အစွန်းရောက် အဖွဲ့ကို ချေမှုန်းတိုက်ခိုက်မှုအတွင်း ခန့်မှန်းခြေ ၁၁၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
ကမ္ဘာတလွှား ခရစ္စမတ်ကြိုဆိုပွဲများ
-
၂၃ ဒီဇင်ဘာ၊ ၂၀၂၄
၂၀၂၄ နည်းပညာလောက တစ်နှစ်တာခရီး
-
၁၂ ဒီဇင်ဘာ၊ ၂၀၂၄
နှစ် ၂၀ ပြည့် ဆူနာမီဘေး အမှတ်တရ ဇာတ်လမ်းတွဲ
-
၁၂ ဒီဇင်ဘာ၊ ၂၀၂၄
ဆိုရှယ်မီဒီယာ လူကြည့်များသတင်းတို
-
၁၁ ဒီဇင်ဘာ၊ ၂၀၂၄
အရှေ့အလယ်ပိုင်းမှာ ရုရှားရဲ့ မဟာမိတ်ဆုံးရှုံးမှု
-
၀၉ ဒီဇင်ဘာ၊ ၂၀၂၄
ဆီးရီးယားအစိုးရ ပြုတ်ကျသွားပြီးနောက် ပြည်သူတွေ ပျော်ရွှင်