သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WikiLeaks နဲ့ သမ္မတ Trump ရဲ့ အငြင်းပွါးဖွယ်သဘောထား


WikiLeaks နဲ့ သမ္မတ Trump ရဲ့ အငြင်းပွါးဖွယ်သဘောထား
please wait

No media source currently available

0:00 0:04:02 0:00
တိုက်ရိုက် လင့်ခ်

အင်တာနက်မှာ လျှို့ဝှက်ချက်တွေကို ဖွင့်ချနေတဲ့ WikiLeaks ဝက်ဆိုဒ် တည်ထောင်သူ Julian Assange ဗြိတိန်နိုင်ငံမှာ အဖမ်းခံလိုက်ရပြီးတဲ့နောက် WikiLeaks နဲ့ပတ်သက်လို့ မသိကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ Assange ဟာ လန်ဒန်မြို့က Ecuador နိုင်ငံ သံရုံးမှာ ၂၀၁၂ ခုနှစ်ကတည်းက ခိုလှုံနေခဲ့တာမှာ မနေ့ ကြာသပတေးနေ့က ဖမ်းဆီးခံခဲ့ရတာပါ။ အစိုးရနဲ့သက်ဆိုင်တဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေ ဖွင့်ချခဲ့တဲ့အတွက် သူ့အနေနဲ့ အမေရိကန်အစိုးရရဲ့ တရားစွဲဆိုခြင်း ခံရနိုင်ကြောင်း Assange က အစောပိုင်းကတည်းက ပြောဆိုနေခဲ့တာပါ။ သူ့ကို ဖမ်းလိုက်တဲ့အတွက် ဥပဒေကြောင်းအရ ရှုပ်ထွေးတဲ့ တရားရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ဗွီအိုအေ သတင်းထောက် Henry Ridgwell ကသတင်းပေးပို့ ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။

XS
SM
MD
LG