Virtual Reality ခေါ် ပုံရိပ်တု နည်းပညာကို ခံစားနိုင်ဖို့ Oculus Rift နဲ့ HTC Vive တို့လို အထူးတီထွင်ထားတဲ့ မျက်မှန်တွေ ၂၀၁၆ ခုနှစ်မှာ အများအပြား ထုတ်လုပ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ အများစုက အဲဒီ VR နည်းပညာကို ဗွီဒီယိုဂိမ်းတွေ ကစားတဲ့အခါလောက်မှာပဲ စိတ်တ၀င်တစား သုံးနေဆဲဖြစ်ပါတယ်။ တရုတ်ပြည် အရှေ့တောင်ပိုင်း မြို့တမြို့က ခေတ်မှီနည်းပညာသုံး ကစားကွင်း တခုကတော့ လူတွေရဲ့ စိတ်ဝင်စားမှုကို ပြောင်းလဲလာအောင် ကြိုးပမ်းနေတဲ့အကြောင်း Markus Meyer-Gehlen ရဲ့ သတင်းလွှာကို မမြသဇင်အောင် ကပြောပြပေးပါမယ်။