သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ကန် ဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်


အီရန်နိုင်ငံ Tehran က ရေနံဓာတုလုပ်ငန်းခွင်
အီရန်နိုင်ငံ Tehran က ရေနံဓာတုလုပ်ငန်းခွင်

အီရန်နိုင်ငံရဲ့ အကြီးဆုံး ကုမ္ပဏီ ဖြစ်တဲ့ ရေနံဓာတုလုပ်ငန်းကြီးကို ပစ်မှတ်ထားပြီး Trump အစိုးရက အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ကို ချမှတ်လိုက်ပါတယ်။ ပါရှန်ပင်လယ်ကွေ့ရေနံဓာတုလုပ်ငန်းကြီး PGPIC နဲ့ သူ့လက်အောက်ခံလုပ်ငန်း ၃၉ ခုကို အမေရိကန်ဘဏ္ဍာရေးဌာနက ဒဏ်ခတ်မှုအသစ် သောကြာနေ့က ချမှတ်လိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ တာလတ်ပစ်မစ်ဆိုင်းနဲ့ နျူကလီးယားအစီအစဉ်တွေကို တာဝန်ယူတဲ့ အီရန်စစ်တပ် တစိတ်တပိုင်းဖြစ်တဲ့ အီရန်နိုင်ငံရဲ့ တော်လှန်ရေး အိမ်စောင့်တပ်ဖွဲ့ IRGC ကို PGPIC ကုမ္ပဏီ က ဒေါ်လာ ဘီလျံနဲ့ ချီ ထောက်ပံ့ပေးနေတာကြောင့် အခုလို ဒဏ်ခတ်မှုသစ် ချမှတ်ရကြောင်း အမေရိကန်က ဆိုပါတယ်။ IRGC ကို အကြမ်းဖက်ဝါဒီအဖြစ် အမေရိကန်က ပြီးခဲ့တဲ့လတုန်းက သတ်မှတ်ခဲ့ပြီး ဒါဟာ နိုင်ငံခြားအစိုးရရဲ့ တစိတ်တပိုင်းအပေါ်မှာ အကြမ်းဖက်ဝါဒီအဖြစ် သတ်မှတ်တာ ဒါ ပထမဆုံးအကြိမ်ပါ။

ဒီလို သတ်မှတ်လိုက်တာကြောင့် IRGC အပေါ် ပစ္စည်းထောက်ပံ့နေတဲ့ ဘယ် ကုမ္ပဏီ ကိုမဆို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခွင့် ရသွားတာ ဖြစ်ပါတယ်။ IRGC အတွက် ဘဏ္ဍာရေးအသက်သွေး ထောက်ပံ့ပေးနေတဲ့ ရေနံဓာတုကဏ္ဍက ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေအပြင် တခြားလုပ်ငန်းတွေကိုလည်း ဆက်လက် အရေးယူသွားမယ့် အကြောင်း ဒီဒဏ်ခတ်ပိတ်ဆို့မှုအသစ်က သတိပေးလိုက်တာပဲလို့ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG