သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးဘ၀ တိုးတက်ရေး NSPAW စီမံကိန်း WLB သုံးသပ်

Myanmar
Myanmar

မြန်မာနိုင်ငံမှာ အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) ကို ၁၀ နှစ်တာ ရေရှည် စီမံကိန်းချ ဆောင်ရွက်နေပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့ အကောင်အထည်ဖော်နေသလဲ ဆိုတာ သေချာမသိရသလို၊ ၆ နှစ်ကြာလပြီးချိန်အထိ အမျိုးသမီးတွေ အတွက် သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ မမြင်ရသေးဘူးလို့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ဝေဖန်လိုက်ပါတယ်။ NSPAW စီမံကိန်းမှာ အားနည်းချက်တွေ အများအပြားရှိနေုပြီး လက်တွေ့ကျတဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ မရှိတဲ့အကြောင်း သုံးသပ် ထောက်ပြတဲ့ စာတမ်းတစောင်ကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ WLB က ထုတ်ပြန်လိုက်တာပါ။ NSPAW စီမံကိန်းနဲ့ ပတ်သက်လို့ အဓိက ဘာ အားနည်းချက်တွေ ရှိနေတာလဲ။ ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်နေသလဲ ဆိုတာတွေကိုတော့ WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

အမျိုးသမီးဘဝတိုးတက်ရေး NSPAW စီမံကိန်း WLB သုံးသပ်
please wait

No media source currently available

0:00 0:10:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG