သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်း အပူပိုင်းမုန်တိုင်း Barry အမေရိကန် ကမ်းရိုးတန်းအနီးရောက်ရှိ


အပူပိုင်းမုန်တိုင်း ဘယ်ရီဟာ ဒီကနေ့မှာ အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် ကမ်းရိုးတန်းဒေသဆီ ရွေ့လျားလာနေတာနဲ့အမျှ ပိုပြီး အားကောင်း လာနေတယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။

ဘယ်ရီ မုန်တိုင်းကြောင့် လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး မိုးအကြီးအကျယ် ရွာသွန်းနိုင်သလို၊ အန္တရာယ်ရှိတဲ့ မုန်တိုင်းတခု ဖြစ်လာနိုင်ကြောင်းနဲ့ ကမ်းရိုးတန်းဒေသတချို့နေရာတွေနဲ့ Mississippi မြစ်ဝှမ်းအောက်ပိုင်းဒေသတွေမှာ အသက်အန္တရာယ် ရှိနိုင်တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသား ဟာရီကိန်းစင်တာက သတိပေးထားတာပါတယ်။

အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို ၁၁၅ ကီလိုမီတာလောက်အထိ ရှိနိုင်ပြီး ကမ်းရိုးတန်းဒေသကို တနာရီ ၇ ကီလိုမီတာနှုန်းနဲ့ ရွေ့လျားလာနေတာပါ။

မက္ကဆီကိုပင်လယ်ကွေ့ကနေ ဘယ်ရီမုန်တိုင်း တဖြည်းဖြည်း ဝင်ရောက်လာနေတာနဲ့အမျှ လူဝီစီယားနားပြည်နယ် New Orleans မြို့က မြို့ခံတွေကတော့ သူတို့ရဲ့ နေအိမ်တွေကို မုန်တိုင်းဒဏ်ခံနိုင်အောင် ပြင်ဆင်နေကြပြီး ရိက္ခာကြိုတင် စုဆောင်းတာတွေလည်း လုပ်နေကြပါတယ်။

မြို့တောင်ဘက်က ကမ်းရိုးတန်းဒေသနှစ်ခုမှာ နေထိုင်နေကြသူတွေကိုတော့ နေရာကနေ မဖြစ်မနေ ရွှေ့ပြောင်းဖို့ ညွန်ကြားထားပြီး New Orleans မြို့တွင်းက ဒေသခံတွေကိုတော့ အိမ်ထဲကနေ အပြင်မထွက်ကြဖို့ သတိပေးထားပါတယ်။

ဒီဒေသကိုလာကြတဲ့ ခရီးသွားဧည့်သည်တွေလည်း သောကြာနေ့ကတည်းက နေရာကနေ ထွက်ခွာသွားခဲ့ကြတာပါ။ ဒီကနေ့ စနေနေ့မှာတော့ လေယာဉ်ခရီးစဉ်တချို့ ဖျက်သိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG