သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တောင်ပိုင်း Louisiana ကမ်းရိုးတန်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်


မက္ကဆီကို ပင်လယ်ကွေ့အတွင်း တိုက်ခတ်နေတဲ့ မုန်တိုင်း Barry ကြောင့် အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၊ Louisiana ပြည်နယ် ကမ်းရိုးတန်းဒေသ တလျှောက်မှာ မိုးလေဝသပညာရှင်တွေက မုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သမ္မတ Donald Trump ကလည်း Louisiana ပြည်နယ်ကို အရေးပေါ်အခြေအနေအဖြစ် ကြာသပတေးနေ့ နှောင်းပိုင်း ကြေညာလိုက်တာကြောင့် မုန်တိုင်း တိုက်ခတ်နေစဉ်နဲ့ နောက်ဆက်တွဲကာလတွေမှာ ပြည်ထောင်စုအစိုးရရဲ့ အကူအညီ ပေးနိုင်ရေးအတွက် အမိမြေလုံခြုံရေးဌာနနဲ့ ပြည်ထောင်စု အရေးပေါ် ကယ်ဆယ်ရေးနဲ့ စီမံခန့်ခွဲရေးဌာန FEMA တို့က ပြင်ဆင်နေကြပါပြီ။

မုန်တိုင်း Barry ဟာ ပြင်းအား အဆင့် တ လောက်နဲ့ သောကြာနေ့ နှောင်းပိုင်း၊ ဒါမှမဟုတ် စနေနေ့ အစောပိုင်းလောက်မှာ ဝင်ရောက် တိုက်ခတ်နိုင်ကြောင်း အမျိုးသား မုန်တိုင်းဌာနက မျှော်လင့်ထားပါတယ်။ ဒါဟာ အတ္တလန်တိတ် မုန်တိုင်းရာသီမှာ ပထမဆုံး ဝင်ရောက်တိုက်ခတ်မယ့် မုန်တိုင်း ဖြစ်ပါတယ်။

သောကြာနေ့ အစောပိုင်းအထိတော့ မုန်တိုင်းဟာ Mississippi မြစ်ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၁၅၅ အကွာလောက်မှာ လေတိုက်နှုန်း တနာရီ ၈၅ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရေကြီး ရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ New Orleans မြို့မှာလည်း မုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG