သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံတွေယှဉ်ပြိုင်ခွင့်မရတဲ့ မော်စကို ရွေးကောက်ပွဲ


တိုက်ရိုက် လင့်ခ်

ရုရှားနိုင်ငံက အဓိက အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ရက် ၃၀ အကျဉ်းချလိုက်ပြီးတဲ့နောက် တခြား အတိုက်အခံ နိုင်ငံရေးသမား ၈ ဦးကို ကြာသပတေးနေ့မှာ အာဏာပိုင်တွေက ခေါ်ယူ မေးမြန်းခဲ့ပါတယ်။ အမတ်နေရာ ၄၅ နေရာရှိတဲ့ မော်စကို မြို့တော်ကောင်စီ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီကို စိန်ခေါ်ပြီး စက်တင်ဘာ ၈ ရက်နေ့မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အတိုက်အခံ ကိုယ်စားလှယ်တချို့ကို ယှဉ်ပြိုင်ခွင့် မပေးတဲ့အပေါ် အတိုက်အခံတွေက ကန့်ကွက် ဆန္ဒပြနေကြတာပါ။ မော်စကိုရွေးကောက်ပွဲဟာ တနိုင်ငံလုံးရဲ့ နိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှုတွေ ရှိနိုင်တာကြောင့် ဒီရွေးကောက်ပွဲကို အစိုးရက တင်းတင်းကြပ်ကြပ် ချုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

XS
SM
MD
LG