စက္ခုအာရုံချို့တဲ့သူတွေ ခံစားနိုင်မယ့် အနုပညာ
အမေရိကန် ပြည်ထောင်စု တဝန်းက ပြတိုက်တွေကို လူတိုင်းအတွက် ဖြစ်စေဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီထဲမှာ ဓာတ်ပုံတွေ၊ ပန်းချီတွေကို မမြင်နိုင်သူတွေ အတွက် ကိုင်ကြည့်ပြီး ဘာပုံလည်း ဆိုတာ သိအောင်လုပ်ပေးနိုင်တဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။ New Orleans က American Alliance of Museums အဖွဲ့ကြီးရဲ့ လတ်တလော ပြပွဲမှာတော့ စက္ခုအာရုံ ချို့တဲ့သူတွေ အနုပညာနဲ့ ပန်းချီ၊ ဓာတ်ပုံတွေကို မြင်နိုင်ဖို့ နည်းပညာသစ်တွေ အသုံးပြုထားပါတယ်။ ဗွီအိုအေ သတင်းထောက် Deborah Block ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။