သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းပေါ်က အမုန်းတရားနဲ့ သေနတ်ကိုင် အကြမ်းဖက်မှု


အွန်လိုင်းပေါ်က အမုန်းတရားနဲ့ သေနတ်ကိုင် အကြမ်းဖက်မှု
please wait

No media source currently available

0:00 0:03:19 0:00
တိုက်ရိုက် လင့်ခ်

အမေရိကန်ပြည်ထောင်စုမှာ လူ ၃၁ ယောက်သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ သတင်းပတ်ကုန် သေနတ်ကိုင် ပစ်ခတ်မှု ၂ ခု အပြီး အလားတူ အကြမ်းဖက်မှုတွေ နောင်မကြုံရအောင် ဘယ်လို ဟန့်တားမလဲ မေးခွန်းထုတ်လာကြပါတယ်။ မတူကွဲပြားမှုတွေကို လက်ခံရေး ဆော်သြတဲ့ Los Angeles အခြေစိုက် အဖွဲ့တခုက သုတေသီတွေကတော့ အွန်လိုင်းက အမုန်းတရား ဖြန့်ဝေမှုတွေကို ဟန့်တားနိုင်ဖို့လည်း အရေးကြီးတယ်လို့ ထောက်ပြပါတယ်။ တဖက်နဲ့တဖက် ထိခိုက်အောင် အလွန်အကျွံ ဝေဖန် ပြောဆိုတာမျိုးတွေကို ဟန့်တားနိုင်ဖို့ နိုင်ငံရေးခေါင်းဆောင်တွေဘက်က ဆင်ခြင်ဖို့လိုသလို လူမှုကွန်ယက် ကုမ္မဏီတွေဘက်ကလည်း တာဝန်ယူဖို့ လိုမယ်ဆိုပြီး ပြောဆိုတာပါ။ VOA သတင်းထောက် Mike O'Sullivan သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။

XS
SM
MD
LG