သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားကားဗုံး ကုလဝန်ထမ်း ၃ ဦးသေဆုံး

လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ မြေပုံ (ဓာတ်ပုံ-Google Maps)
လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ မြေပုံ (ဓာတ်ပုံ-Google Maps)

လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘင်ဂါဇီမြို့မှာ စနေနေ့က ကားဗုံးတလုံး ပေါက်ကွဲတဲ့အတွက် ကုလသမဂ္ဂဝန်ထမ်း အနည်းဆုံး(၃)ဦး သေဆုံးသွား တယ်လို့ ကုလသမဂ္ဂပြောခွင့်ရတဦးက ဆိုပါတယ်။ အစ်ပွဲတော်ကာလအတွင်း Tripoli မြို့တော်က တိုက်ပွဲတွေ အပစ်ခတ်ရပ်စဲထားဖို့ သဘောတူညီမှု ရရှိခဲ့ကြချိန်မှာ ဒီတိုက်ခိုက်မှု ဖြစ်ပေါ်လာတာပါ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်ထိုနီယို ဂူတားရပ်စ်က သူ့ကြေညာချက်ထဲမှာ ဒီတိုက်ခိုက်မှုကို ရှုတ်ချထားပါတယ်။

သေဆုံးသူ ၃ဦးအပြင် ဒဏ်ရာရသူ အများပြားရှိတယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ လစ်ဗျားအခြေအနေကို ဆွေးနွေးဖို့အတွက် စနေနေ့ ညနေပိုင်းက ကုလ-လုံခြုံရေးကောင်စီ အစည်ဝေးတရပ် ကျင်းပခဲ့ပြီး ကုလသမဂ္ဂဟာ လစ်ဗျားကနေ ဆုပ်ခွါဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုအဖွဲ့ လက်ထောက်အတွင်းရေးမှူး Bintoy Keita ကဆိုပါတယ်။ လစ်ဗျားဆိုင်ရာ ကုလအထူးသံတမန်ကတော့ ဒီဗုံးခွဲမှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ရှုတ်ချလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်ထဲမှာ မူဆလင်ပွဲတော် အားလပ်ရက်အတွင်း စာနာမှုအတွက် အပစ်ခတ် ရပ်စဲထားတာကို လေးစားကြဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းထားပါတယ်။

လစ်ဗျားကားဗုံး ကုလဝန်ထမ်း ၃ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG