သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်အမတ် (၂)ယောက်နဲ့ အစ္စရေးပြည်ဝင်ခွင့်


တိုက်ရိုက် လင့်ခ်

ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ ပြုမှုပုံတွေကို ဝေဖန် ပြောဆိုလေ့ရှိတဲ့ အမေရိကန်လွှတ်တော်အမတ် ၂ ယောက်ကို အစ္စရေးနိုင်ငံထဲ ဝင်ခွင့်မပြုဖို့ အစ္စရေးကို သူ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေအပေါ် သမ္မတ Donald Trump က ငြင်းဆိုလိုက်ပါတယ်။ သူ့ဘက်က အစ္စရေးကို ဖြားယောင်း ပြောဆိုခဲ့တာမျိုးလည်း မရှိဘူးဆိုတာကို ကြာသပတေးနေ့ညက မဲဆွယ်စည်းရုံးပွဲကို ရောက်မလာခင် လူမှုကွန်ယက်က တဆင့်ရော၊ သတင်းထောက်တွေကိုပါ ပြောဆိုခဲ့တာပါ။ ဒီကနေ့မှာတော့ အဲဒီ ၂ ယောက်ထဲက တယောက်ဖြစ်တဲ့ ပါလက်စတိုင်းနွယ်ဖွား Rashida Tlaib ကို ဝင်ခွင့်ပြုလိုက်ကြောင်း အစ္စရေးပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ဗွီအိုအေသတင်းထောက် Michael Brown က သတင်း ပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က ပြောပြပါလိမ့်မယ်။

XS
SM
MD
LG