ရိုဟင်ဂျာဒုက္ခသည် ပြန်ပို့မယ့်အစီအစဉ် UNHCR သဘောထား
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို နေရပ်ရင်းကို ပြန်လည်ပို့ဆောင်နိုင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ရှေ့သီတင်းပတ်မှာ စတင်လုပ်ဆောင်ကြမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တချို့ကို ပြန်လက်ခံဖို့ ၂ နိုင်ငံ အာဏာပိုင်တွေကြား နောက်ထပ် သဘောတူညီချက် အသစ် ရယူလိုက်တာဖြစ်ပါတယ်။ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်အပေါ် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Caroline Gluck ရဲ့ သဘောထား AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချက်တွေအကြောင်း ကိုရန်နိုင်က ပြောပြပါလိမ့်မယ်။