သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ကို ရောက်ရှိတော့မယ့် မော်တော်ဆိုင်ကယ်စီး မြန်မာနှစ်ဦး


တိုက်ရိုက် လင့်ခ်

မြန်မာကနေ ဗြိတိန်နိုင်ငံထိ မိုင်ပေါင်း သုံးသောင်းကျော်ကို စွန့်စွန့်စားစားနဲ့ မော်တော်ဆိုင်ကယ် စီးပြီးခရီးသွားကြတဲ့ Motourlogue ခရီးသွားနှစ်ဦးဟာ ရည်မှန်းထားတဲ့အတိုင်း သုံးလတိတိပြည့်တဲ့ ဒီကနေ့မှာ နယ်သာလန်ကနေ ဗြိတိန်နိုင်ငံကို ရောက်ဖို့ရှိနေပါတယ်။

မြန်မာကနေ ဗြိတိန်နိုင်ငံထိ မိုင်ပေါင်း သုံးသောင်းကျော်ကို စွန့်စွန့်စားစားနဲ့ မော်တော်ဆိုင်ကယ် စီးပြီးခရီးသွားကြတဲ့ Motourlogue ခရီးသွားနှစ်ဦးဟာ ရည်မှန်းထားတဲ့အတိုင်း သုံးလတိတိပြည့်တဲ့ သြဂုတ်လ (၂၆)ရက် ဒီကနေ့မှာ နယ်သာလန်ကနေ ဗြိတိန်နိုင်ငံကို ရောက်ဖို့ရှိနေပါတယ်။
လန်ဒန်မှာ သုံးရက်ကြာနေထိုင်ပြီး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိသလို အဲဒီနောက် ပြင်သစ်ကို သွားဖို့ရှိပြီး မြန်မာနိုင်ငံကို ပြန်စီးမယ့်လမ်းကြောင်းလျာထားချက်ရှိပေမယ့် အတိအကျ မရှိသေးဘူးလို့ Motourlogue ခရီးသွားတဦးဖြစ်တဲ့ စိုင်းဇွမ်ဖက ဗွီအိုအေကိုပြောပါတယ်။ လောလောဆယ်တော့ စပိန်၊ အီတလီ၊ တူရကီ တွေဘက်ထိ မော်တော်ဆိုင်ကယ်ဆက်ပြီး စီးဖို့ လျာထားတယ်လို့ ဆိုပါတယ်။
မေလ ၂၆ ရက်နေ့က ရန်ကုန်ကနေ စတင်ထွက်ခွာလာတဲ့ စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့နှစ်ဦး ဟာ လန်ဒန်ထိ အချိန်ကာလ သုံးလအတွင်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ ကို BMW R9T အမျိုးအစား မော်တော်ဆိုင်ကယ်ကိုယ်စီနဲ့ ဖြတ်သန်းခဲ့ကြတာပါ။
ရည်မှန်းချက်အတိုင်း ရောက်အောင် မောင်းခဲ့ရတဲ့ နောက်ဆုံးအခြေအနေကို စိုင်းဇွမ်ဖကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG