အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တိုးချဲ့နိုင်ခြေ
အဂတိလိုက်စားမှုဟာ စာရိတ္တပျက်ပြားလို့ ဖြစ်တယ်ဆိုတာ မူလတန်းအရွယ်ကစ သဘောပေါက်နားလည်၊ ရှောင်ကျဉ်ဖို့ ပညာပေးရေးအတွက် ဆရာများလက်စွဲစာအုပ်တွေ ဖြန့်ဝေထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်ကို ဒေါ်ခင်စိုးဝင့်း တွေ့ဆုံမေးမြန်းထားပါတယ်။